ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေကြီးမှုနှင့် စိုးရိမ်ရေမှတ် တည်ရှိနေမှုအခြေအနေ

 

နေပြည်တော်   စက်တင်ဘာ    ၁၂
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့   မွန်းလွဲ  ၁   နာရီခွဲ တိုင်းထွာချက်အရ   ဧရာဝတီမြစ်ရေ သည်     ဆိပ်သာမြို့တွင်    ယင်းမြို့၏    စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်နှစ်ရက်အတွင်း    ယင်းမြို့၏    စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်သည်။
ယနေ့ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတ မြို့တွင်  ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက်သို့   ၈  လက်မခန့် ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်  နောက်နှစ်ရက် အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်သည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ  ဧရာဝတီမြစ်ရေ သည်  ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၇ လက်မ ခန့်   ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်သည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည်  ငါးသိုင်းချောင်းမြို့တွင်   ယင်းမြို့၏    စိုးရိမ်ရေမှတ်အထက်သို့   ၁၁  လက်မခန့်  ကျော်လွန်ရောက်ရှိနေသည်။      အဆိုပါမြစ်ရေ သည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။ 
ယနေ့ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင်    ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက်သို့   ၄  လက်မခန့်  ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်  နောက်တစ်ရက်အတွင်း ၁ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်    ဆက်လက်တည်ရှိနိုင်သည်။  
အကြံပြုချက်
သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                           မိုး/ဇလ