EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၉၀ ကျော်ကို ကိုရီးယားသမ္မတနိုင်ငံသို့ ဧပြီ ၉ ရက်တွင် စေလွှတ်ခဲ့

 

ရန်ကုန်  ဧပြီ  ၉
ကိုရီးယားသမ္မတနိုင်ငံသို့   အစိုးရ ပြည်ပအလုပ်အကိုင်   အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၉၃ ဦးကို  ဧပြီ ၉  ရက်တွင်  စေလွှတ်ခဲ့ကြောင်း ကိုရီးယားသမ္မတ  နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ  သိရသည်။
ယင်းကဲ့သို    စေလွှတ်သော လုပ်သား     ၁၉၃    ဦးအနက် ကုန်ထုတ်လုပ်သားသစ် ၁၇၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်သား ၂၁ ဦး ပါဝင်ပြီး    မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့         မြန်မာ အမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရောက်ရှိ ချိန်မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ် သမားသံအရာရှိက       ကြိုဆို၍ အလုပ်သမားများ      သိရှိလိုက်နာ သင့်သည့်အချက်များကို မှာကြား ပြီး   လိုအပ်သည်များ   ကူညီပံ့ပိုး ပေးကြောင်းလည်း            သံရုံး၏ ထုတ်ပြန်ချက်တွင်   ပါရှိသည်။ ကိုရီးယားသမ္မတနိုင်ငံသို့   အစိုးရ ပြည်ပအလုပ်အကိုင်     အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သားများ   စေလွှတ် လျက်ရှိပြီး   ပြီးခဲ့သည့်   မတ်လ အတွင်းကလည်း EPS စနစ်ဖြင့်   လုပ်သားဦးရေ စုစုပေါင်း ၈၆၂  ဦး စေလွှတ်ရောက်ရှိခဲ့ကာ ဖေဖော် ဝါရီလကလည်း ကိုရီးယားသမ္မတ နိုင်ငံသို  E-9  ဗီဇာဖြင့်   EPS လုပ်သား စုစုပေါင်း  ၁၃၃၃  ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်  ၂၀၂၄  ခုနှစ် တွင်ကျင်းပမည့်   သတ္တမအကြိမ် မြောက်      အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်(EPS)စနစ် ဖြင့် ၁၆ ကြိမ်မြောက် ကိုးရီးယား ဘာသာ အရည်အချင်းစစ်စာမေးပွဲ တွင် မြန်မာနိုင်ငံမှလုပ်သားများကို ကိုးရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင် မှုလုပ်ငန်းအတွက်   တိုးချဲ့ခေါ်ယူ သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကျား/မ မရွေး ဝင်ရောက် ဖြေဆိုခွင့်ရရှိမည်         ဖြစ်ကြောင်း လည်း သိရသည်။                     MT