East-West Economic Corridor (EWEC) International Trade, Tourism, and Invetment Fair-Da Nang 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

ဗီယက်နမ်နိုင်ငံ  ဒါနန်းမြို့၌  ယခုနှစ်  ဩဂုတ်  ၃  ရက်မှ   ၈ ရက်အထိ  ကျင်းပ ပြုလုပ်မည့်    East-West   Economic Corridor (EWEC) International Trade, Tourism,  and  Invetment   Fair-Da Nang 2023  သို့  မြန်မာနိုင်ငံမှ  လုပ်ငန်း ရှင်များ ပါဝင်ပြသနိုင်ကြောင်း  ဖိတ်ကြား လာသည်။ 

 


ပြပွဲတွင် မြန်မာကိုယ်စားလှယ်များ အတွက် ပြခန်း နှစ်ခန်းအား အခမဲ့စီစဉ် ပေးမည်ဖြစ်သည်။      ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများ၊ နိုင်ငံ တကာ မိတ်ဖက်နိုင်ငံများနှင့် ဗီယက်နမ် နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်      ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်      ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

 


အဆိုပါပြပွဲသို့     ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊     အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သတင်းရရှိသည်။