ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   စက်တင်ဘာ  ၅


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ကုလ သမဂ္ဂလူသားချင်း စာနာထောက် ထားမှုဆိုင်ရာ     ညှိနှိုင်းရေးရုံး (UNOCHA)    ၏   မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ယနေ့  နံနက် ၁၀ နာရီခွဲတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်       ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ် ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူး ယောက်မြို့ရှိ ကုလသမဂ္ဂ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ  ညှိနှိုင်းရေးရုံး    (UNOCHA)    ၏ အကြီးအကဲ Under-Secretary- General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံ သို့    လာရောက်ခဲ့သည့်  ခရီးစဉ် နောက်ပိုင်း မြန်မာအစိုးရ၊ ကုလ သမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများအကြား      ပိုမို ပူးပေါင်း    ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်     စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 


တွေ့ဆုံပွဲသို့    နိုင်ငံခြားရေး  ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြပြီး ကုလ သမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး နှင့်    လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေး မှူး Mr. Ramanathan Balakri-shnan    လည်း   တက်ရောက် ဆွေးနွေးခဲ့သည်။      

သတင်းစဉ်