
နေပြည်တော် ဧပြီ ၆
ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကိုယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည် တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ဗဟိုအဖွဲ့ဝင်များ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ထိန်းချုပ်ဓာတု ပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဥပဒေ ရေးရာနှင့် ဓာတုပစ္စည်း ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ နေပြည်တော် ကောင်စီနယ်မြေ မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့နှင့် ထိန်းချုပ်ဓာတုပစ္စည်းစစ်ဆေးရေး အဖွဲ့ဝင် များတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့နှင့် ထိန်းချုပ် ဓာတုပစ္စည်းစစ်ဆေးရေး အဖွဲ့ဝင်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်
အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၁၉၉၃ ခုနှစ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကို ကျင့်သုံးလျက် ဗဟိုအဖွဲ့အား ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စုစုပေါင်း အဖွဲ့ဝင် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကိုလည်း လုပ်ငန်းလိုအပ်ချက် များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့တွင် ပါဝင်သည့် ထိန်းချုပ်ဓာတု ပစ္စည်းများကြီးကြပ်ရေးအဖွဲ့အား အဖွဲ့ဝင် ၁၃ ဦး နှင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အပြင် တိုင်းဒေသကြီး/ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ များကိုလည်း ဖွဲ့စည်းခဲ့ပြီး ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ သယ်ဆောင်ရောင်းဝယ် ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းများကို ဥပဒေနှင့် အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။
ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်
မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ရေး အတွက် တားဆီးနှိမ်နင်းရေး ကဏ္ဍတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဓာတုပစ္စည်းထိန်းချုပ်ရေးကဏ္ဍ သည်လည်း အရေးကြီးကြောင်း၊ “ပရီကာဆာ မရှိ လျှင် မူးယစ်ဆေးဝါးမရှိ၊ သုံးစွဲသူမရှိလျှင် မူးယစ် ဆေးဝါး ပြဿနာမရှိ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်တားဆီးနှိမ်နင်း ရာတွင် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင် ရေးများကို ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်းများ နယ်စပ်ဒေသများနှင့် ပြည်တွင်းတို့မှတစ်ဆင့် ရှမ်းပြည်နယ်သို့ နည်းလမ်း မျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လျက်ရှိသည့်အတွက် ဖော်ထုတ်အရေးယူနိုင်ရန် Operation 39 အထူး စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာ ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
Operation 39 အထူးစစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက် ၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေလိုအပ်ချက်များ၊ ထိန်းချုပ်ဓာတုပစ္စည်း ဖြန့်ချိခြင်းဆိုင်ရာ ပမာဏသတ်မှတ်ချက်များ၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် ဆက်စပ်သည့် ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ လိုအပ်ချက်များ ရှိနေ သည်ကို သုံးသပ်ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့မှ ဦးဆောင်ပြီး ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ် ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း။
ဓာတုပစ္စည်းထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက် သည့် နေရာတွင် မူးယစ်ဆေးဝါးချက်လုပ်ရာသို့ လမ်းလွဲမရောက်စေရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကိုလည်း ထိခိုက်မှုမရှိစေရေးတို့အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ အကြံဉာဏ်ကောင်းများ တင်ပြဆွေးနွေပေးကြရန် ပြောကြားသည်။
နှိုင်းယှဉ်သုံးသပ်တင်ပြ
ဆက်လက်၍ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ UNODC အပါအဝင် နိုင်ငံတကာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများနှင့် သတင်း ဖလှယ်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ခြင်း နှင့် နှစ်နိုင်ငံအစည်းအဝေးများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်း မရှိသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့မှု အခြေ အနေများကို နှိုင်းယှဉ်သုံးသပ်တင်ပြသည်။
ဆက်လက်ကျင်းပသွားမည်
ယင်းနောက် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ်အောင်နိုင်သူက ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးများတွင် ဓာတုပစ္စည်း အများအပြား ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) များ ထုတ်လုပ်မှုတွင် ဓာတုပစ္စည်းများကိုသာ အသုံးပြု ပေါင်းစပ်ထုတ်လုပ်နေခြင်းဖြစ်သဖြင့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် တားဆီးကြပ်မတ်ထိန်းချုပ်နိုင်ရေး နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေး Agency များနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်မှု၏ အကြံပြုချက်များ၊ ထိန်းချုပ် ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတု ပစ္စည်း တင်သွင်းသယ်ဆောင် ရောင်းဝယ်မှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို အထူးစိစစ်ကြပ်မတ်ရန် လိုအပ်မှုနှင့် သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ဓာတုပစ္စည်း များ ထိန်းချုပ်မှုအပေါ် ပူးပေါင်းဆောင်ရွက်သင့်သည် ကိုလည်းကောင်း၊ နေပြည်တော် ဓာတုဗေဒစစ်ဆေး ရေးဌာနခွဲမှ ဒေါက်တာ ကြည်မင်းဦးနှင့် ဒေါက်တာ အောင်ဖြိုးသိုက် တို့က လတ်တလော ဖမ်းဆီးမှု များပြားသည့် ထိန်းချုပ်ဓာတုပစ္စည်း (၇) မျိုးနှင့် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းဝင် မဟုတ်သော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်း (၁၇) မျိုး၏ အချက်အလက်များအား လည်းကောင်း တင်ပြဆွေးနွေးကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက နည်းဥပဒေလိုအပ် ချက်များနှင့် ပြင်ဆင်ရန်အချက်များ၊ အခြားလိုအပ် ချက်များအပေါ် ဆွေးနွေးခြင်းနှင့် ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိ အသုံးပြုခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးကြကာ ဆွေးနွေးချက်များအပေါ် သုံးသပ် အကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်ခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်