ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်  ၁၄


နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံ ငွေအဖွဲ့   ညွှန်ကြားရေးမှူး  Mr. SHATIROV Alexander Sergee-vich ဦးဆောင်သော  ကိုယ်စား လှယ်အဖွဲ့အား    ယနေ့နံနက်ပိုင်း က နေပြည်တော်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး  ဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံသည်။

 


 အမြင်ချင်းဖလှယ် ဆွေးနွေး


ထိုသို့တွေ့ဆုံရာစဉ် နှစ်နိုင်ငံ အကြား ကာလရှည်ကြာ ဆက်ဆံ ရေးကောင်းမွန်ပြီး       အကျိုးတူ ပူးပေါင်း  ဆောင်ရွက်နေမှုများ၊ ရထား၊ ရေကြောင်း၊ လေကြောင်း စသောပို့ဆောင်ရေး   ကဏ္ဍများ နှင့်      ဆက်သွယ်ရေးကဏ္ဍတို့ တွင်  ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ခရီး သွားကဏ္ဍ  မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား      တိုက်ရိုက် လေကြောင်းလိုင်းများ   တိုးချဲ့ ပျံသန်းရေးကိစ္စရပ်များ၊ လျှပ်စစ် ရထား၊   လျှပ်စစ်မော်တော်ယာဉ် များ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေး  ကဏ္ဍ တွင်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်    ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို   ကျွမ်းကျင် သူပညာရှင်များအကြား     အပြန် အလှန်    ဆွေးနွေးနိုင်ရေးကိစ္စရပ် များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက် အမြင်ချင်းဖလှယ်    ဆွေးနွေးခဲ့ ကြသည်။ 

 


တက်ရောက်


တွေ့ဆုံပွဲသို့  ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး        ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊  ရုရှားဖက်ဒရေးရှင်း နိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်