ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန 
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသည့် 
၂၀၂၄ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်
 

မုံရွာ    ဇန်နဝါရီ    ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊    ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး    မြထွန်းဦးသည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်      ဒုတိယဗိုလ်ချုပ်ကြီး     ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊  ဦးမင်းသိန်းဇံ၊  Jeng Phang  နော်တောင်၊ ဒေါက်တာ သက်သက်ခိုင်၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ ဒုတိယ ဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပ ပြုလုပ်သော ၂၀၂၄ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့   တက်ရောက်သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊      ဒုတိယ ဝန်ကြီးချုပ်နှင့်      ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  တိုင်းဒေသကြီး           ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု      (ဗဟို)     နာယက ဦးလှထွန်းတို့က ၂၀၂၄ ခုနှစ် နာဂ ရိုးရာ နှစ်သစ်ကူး ကွင်းဝင်မုခ်ဦးကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ရိုးရာဆုတောင်းတိုင်စိုက်ထူ


ယင်းနောက်         နာဂရိုးရာ တိုင်းရင်းသားများက    ရိုးရာကွင်း အတွင်း    ရိုးရာတံခွန်တိုင်အား စိုက်ထူကြပြီး ရိုးရာဆုတောင်းတိုင် အား နာဂရိုးရာ ပန်တုံးအဆောက် အဦရှေ့တွင် စိုက်ထူကာ ဒေသခံ တိုင်းရင်းသားများနှင့်အတူ ရိုးရာ ပန်တုံးအား တီးခတ်ကြသည်။  


ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်       ပြည် ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည်    ၂၀၂၄  ခုနှစ်     နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနား သို့ တက်ရောက်ကြသည်။
ဦးစွာ    နိုင်ငံတော်အလံအား အလေးပြုကြပြီး     အခမ်းအနား သဘာပတိက   နှစ်သစ်နှုတ်ခွန်း ဆက်စကား ပြောကြားသည်။


လက်တွဲညီညီကျော်လွှား


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်        ပြည် ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး မြထွန်းဦးက     နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်    ဒေသ ဖြစ်သည့်အတွက်        နာဂရိုးရာ  နှစ်သစ်ကူးပွဲတော်ကို နာဂဒေသ အတွင်းရှိ    လဟယ်၊     လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ် အလှည့်ကျ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး  ယခုနှစ်   လေရှီးမြို့တွင်   အနယ် နယ်အရပ်ရပ်မှ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ       လာ ရောက်ဆုံစည်းကာ     ပျော်ရွှင်စွာ ကျင်းပနိုင်သည်ကို    တွေ့မြင်ရ ကြောင်း၊        နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏        ရိုးရာဓလေ့ ထုံးတမ်းများနှင့်    ရိုးရာမြေဝိုင်း အကပဒေသာမျိုးစုံအား တွေ့မြင် ရပြီး ချစ်ကြည်ရင်းနှီးခွင့်  ပိုမိုရရှိ သည့်အတွက် ဝမ်းသာမဆုံးဖြစ်ရ ပါကြောင်း၊     နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာ ယဉ်ကျေးမှု     ဓလေ့ထုံးတမ်းစဉ် လာများကို     ထိန်းသိမ်းစောင့် ရှောက်ပြီး တိုင်းရင်းသားအချင်း ချင်း           ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း      တို့အား အခြေခံသည့်         ပြည်ထောင်စု စိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင် ရွက်ခြင်းဖြင့် တွေ့ကြုံရမည့် အခက် အခဲဟူသမျှကို       လက်တွဲညီညီ ကျော်လွှားသွားကြရမည်   ဖြစ်ပါ ကြောင်း၊     နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများ     အပါ အဝင်  တစ်နိုင်ငံလုံး  တစ်ပြေးညီ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ အလိုက်       လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိရာ နာဂတိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့်     အခွင့် အရေးကို အမိအရရယူပြီး  အပြည့် အဝအသုံးချ၍  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်           ဖြစ်ပါ ကြောင်း။


ဘက်စုံတိုးတက်အောင်ဆောင်ရွက်


နာဂဒေသအတွင်း     ကျန်းမာ ရေးနှင့်စပ်လျဉ်း၍     ဆေးကုသမှု အပြင် ကျန်းမာရေးအသိပညာပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊  တိုးချဲ့ကာကွယ်ဆေး     ထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ် ဆေးထိုးနှံပေးခြင်း၊   ကျန်းမာရေး နှင့် လျော်ညီသည့် နေထိုင်သွားလာ စားသောက်မှုပုံစံတို့   စနစ်တကျ ရှိစေရေး    ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊   ပညာရေး၊  ကျန်းမာ ရေး၊   အုပ်ချုပ်ရေးစသည့်  ကဏ္ဍ များ၌    လာရောက်တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း များနှင့် ဒေသခံဝန်ထမ်းများအနေ ဖြင့်    တိုင်းရင်းသား     ညီအစ်ကို မောင်နှမများ၏ လူမှုစီးပွားဘဝ  ဘက်စုံ      ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်       ပေးကြရမည်ဖြစ် ကြောင်း၊      နာဂဒေသအတွင်း  စိုက်ပျိုးရေးလုပ်ငန်းများ   ဆောင်  ရွက်ရာတွင်  အခြေခံအချက်များ ဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊  စိုက်ပျိုးမြေကောင်းမွန် ရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိ  ရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှု ရှိစေရေးတို့ကို     ဆောင်ရွက်ပေး လျက်ရှိပြီး မြေဆီလွှာဆုံးရှုံးမှုများ ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက် မှုဖြစ်ပေါ်စေသည့်       ရွှေ့ပြောင်း တောင်ယာစနစ်ကို      လျှော့ချ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေး နည်းစနစ်ဖြစ်သည့်       ခေတ်မီ လှေကားထစ်  လယ်ယာစနစ်ကို လုပ်ကိုင်       ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကို    အခြေခံသည့်     ကုန်ထုတ် လုပ်ငန်းများကို     အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့်  လူ့စွမ်းအား    အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး    အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။ 


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး


နာဂဒေသအတွင်း    စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် MSME    လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကုန်ကြမ်း သွင်းအားစု၊     အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ပြည့်စုံ စေရေးဆောင်ရွက်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး      မတည်ရန်ပုံငွေမှ ချေးငွေများရရှိရေး   ဆောင်ရွက် ပေးလျက်ရှိကြောင်း၊      ဒေသခံ ပြည်သူများအား     အလုပ်အကိုင် အခွင့်အလမ်းများ  ဖန်တီးပေးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသအတွင်း စီးပွား ဖွံ့ဖြိုးတိုးတက်ရေး        အတွက် ကုန်ထုတ်လုပ်ငန်းများကို    ဒေသ တစ်ခု        ထုတ်ကုန်တစ်ခုဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ရန် နှင့် ရိုးရာချည်ထည်လုပ်ငန်းများ  စနစ်တကျ တိုးမြှင့်ထုတ်လုပ်နိုင် ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နာဂရိုးရာ နှစ်သစ်ကူး          ပွဲတော်မှသည် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေးကို ဆက်လက်ဆောင် ရွက်၍   နိုင်ငံတော်သစ်ကို  ပြည် ထောင်စု   တိုင်းရင်းသားအားလုံး နှင့်အတူ  လက်တွဲညီညီ ချီတက် သွားကြရန်        တိုက်တွန်းပြော ကြားသည်။


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမြတ်ကျော်က နှစ်သစ်အမှာစကား ပြောကြားပြီး နာဂတိုင်းရင်းသူတစ်ဦးက    နာဂ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ် လာပုံ            သမိုင်းအကျဉ်းအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်       ပြည် ထောင်စုဝန်ကြီးထံ     နာဂရိုးရာ စာပေနှင့်       ယဉ်ကျေးမှု   (ဗဟို)ကော်မတီနာယက   ဦးရူစံကြူး က     နှစ်သစ်ကူး     အမှတ်တရ လက်ဆောင်ပေးအပ်သည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်      ပြည် ထောင်စုဝန်ကြီး၊  ပြည်ထောင်စု ဝန်ကြီးများနှင့်     တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေး ပစ္စည်းများကို  ထောက်ပံ့ပေးအပ် ပြီး သဘာပတိက နိဂုံးချုပ်စကား ပြောကြားကာ    နာဂနှစ်သစ်ကူး ပွဲတော်       ဖွင့်ပွဲအခမ်းအနားကို  ရုပ်သိမ်းလိုက်သည်။


ကြည့်ရှုအားပေး


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်      ပြည် ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ က    ရိုးရာပြခန်းများနှင့်      ဌာန ဆိုင်ရာပြခန်းများကို      လိုက်လံ ကြည့်ရှုအားပေးသည်။


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်       ပြည် ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည် လေရှီးမြို့ ပြည်သူ့ဆေးရုံသို့  ရောက်ရှိပြီး  ဆေးရုံဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ်၍  ဆေးကုသမှု       ခံယူနေကြသော ဒေသခံ      တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ  တာဝန်ရှိသူများနှင့် အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်         ပြည် ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည်    အမျိုးသမီး    အိမ်တွင်းမှု သက်မွေးလုပ်ငန်း  ပညာသင်တန်း ကျောင်းနှင့်  လေရှီးမြို့  နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များ  ဖွံ့ဖြိုးရေး   သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်း သူများ အိပ်ဆောင်၊ စားဆောင်နှင့်     စာကြည့်တိုက်တို့ကို       လိုက်လံ ကြည့်ရှုစစ်ဆေး၍  အစည်းအဝေး ခန်းမတွင်   ကျင်းပပြုလုပ်သော        နယ်စပ်ဒေသ      တိုင်းရင်းသား  လူငယ်များ     ဖွံ့ဖြိုးရေးသင်တန်း  ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်း သား  ကျောင်းသူများ၊ သင်တန်း သူများနှင့် တွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်သည်။ 


ထောက်ပံ့ပေးအပ်


အခမ်းအနားတွင်  နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်      ပြည် ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်များ ရှိ  ဝန်ထမ်းများနှင့် ကျောင်းသား      ကျောင်းသူများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေ၊  ထောက်ပံ့ပစ္စည်းများ နှင့်      စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူ များ၏  ရှင်းလင်းတင်ပြချက်များ အပေါ်       ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ  တက်ရောက် လာသူများအား       ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။


ညပိုင်းတွင်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်     ပြည် ထောင်စုဝန်ကြီး၊  တာဝန်ရှိသူများ သည်    ၂၀၂၄  ခုနှစ်     နာဂရိုးရာ နှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်း အနားသို့ တက်ရောက်သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊      ဒုတိယ ဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီး၊ လေရှီးမြို့နယ်၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ   ဦးစံမြတို့က   မီးပုံပွဲအား မီးထွန်းညှိ     ဖွင့်လှစ်ပေးကြပြီး နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူး မီးပန်းများ      ဂုဏ်ပြုပစ်ဖောက် ကြသည်။        


ယင်းနောက်           နာဂရိုးရာ မျိုးနွယ်စုများအလိုက် ရိုးရာအက  များဖြင့် ကပြဖျော်ဖြေနေမှုများကို  ကြည့်ရှုအားပေးကြပြီး     ကပြ ဖျော်ဖြေပေးခဲ့ကြသော ရိုးရာအက အဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြုချီးမြှင့်ငွေများ       ပေးအပ် ကာ မီးပုံပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။


ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်း တွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့်       ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် နာဂရိုးရာ       နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲ များအဖြစ်   ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး  လွန်ဆွဲပြိုင်ပွဲ၊   ရိုးရာ ထင်းခုတ်ပြိုင်ပွဲ၊    ချောတိုင်တက် ပြိုင်ပွဲ၊      ရိုးရာနပန်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို    ကြည့်ရှု အားပေးပြီး တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်