ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ အလုပ်သဘောခရီးစဉ်များသွားရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်    စက်တင်ဘာ    ၁၂


ရုရှားနိုင်ငံခြားရေးဝန်ကြီး    မစ္စတာ    ဆာဂျီ လတ်ဗ်ရော့နှင့်   ဘယ်လာရုစ်   နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့၏ ဖိတ်ကြားချက်များအရ   ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်       ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ အလုပ် သဘောခရီးစဉ်များ   သွားရောက်ရန်   ယနေ့ ညနေပိုင်းတွင်  မန္တလေးမြို့မှ  ရုရှားဖက်ဒရေး ရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)  ဖြင့်      ထွက်ခွာ သွားသည်။


ဒုတိယဝန်ကြီးချုပ်နှင့်     နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေး အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌     ပို့ဆောင် နှုတ်ဆက်ကြသည်။                      

သတင်းစဉ်