ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ကလော    ဇူလိုင်   ၃


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယယဝန်ကြီး ဦးရဲတင့်သည် ဇူလိုင်  ၂ ရက်  နံနက်ပိုင်းတွင်   ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ပြည်သူ့စာကြည်တိုက် တို့ကို   ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တောင်ကြီးမြို့


ထို့နောက် တောင်ကြီးမြို့  ပြည်နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးရုံးသို့ ရောက်ရှိပြီး မကြာမီ ဖွင့်လှစ်မည့် လူထုအခြေပြုဗဟိုဌာန (Community Center) ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ကာ ပြည်နယ်ရုံးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ညောင်ရွှေ မြို့နယ်နှင့် ကျောက်တလုံးကြီးမြို့ရုံးတို့မှ ဦးစီးမှူး များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ထပ်ဆင့်လွှင့် စက်ရုံဇုန်နယ်တာဝန်ခံနှင့် အင်ဂျင်နီယာများ၊ ကိုယ်ပွား သတင်းစာတိုက်မှ ဝန်ထမ်းများနှင့်  တွေ့ဆုံသည်။

 


ဟိုပုံးမြို့


မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ခရိုင်ရုံးဝန်ထမ်းများ၊  ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့နယ်ဦးစီးမှူးတို့ကို      တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 


လွိုင်လင်ခရိုင်


ယနေ့နံနက်ပိုင်းက လွိုင်လင်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးမှူးနှင့်   ဝန်ထမ်းများ၊   လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်းမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများနှင့် ပင်လုံ မြို့ရုံး ဒုတိယဦးစီးမှူးတို့နှင့် တွေ့ဆုံသည်။

 


ယင်းနောက် နမ့်စန်မြို့နယ်ရုံးနှင့် မိုးနဲမြို့နယ်ရုံး တို့သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိုးနဲ မြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

 


ပြည်သူ့ဆက်ဆံရေး ကြိုးစားဆောင်ရွက်


ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရှေ့လုပ်ငန်းစဉ် များ   အောင်မြင်ရေးအတွက်    ပြန်ကြားရေးနှင့် အသိပညာ‌ပေး    လုပ်ငန်းများကို    အလေးထား ဆောင်ရွက်ရေး၊ ကျောင်းသား  ကျောင်းသူများနှင့် လူငယ်များအား     အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ထိထိရောက် ရောက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်း၍  ဆွေးနွေးမှာကြားခဲ့သည်။ 

ခရိုင် (ပြန် / ဆက်)