ဒုတိယဝန်ကြီး ဦးရဲတင့် နေပြည်တော် ဥတ္တရသီရိမြို့နယ် အထက(၁၂)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ  တက်ရောက်အားပေး

 

နေပြည်တော်  စက်တင်ဘာ  ၂၀


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်     အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိ ပညာပေး   ဟောပြောပွဲ၊    ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီ က    နေပြည်တော်    ဥတ္တရသီရိ မြို့နယ်ရှိ   အမှတ် (၁၂)   အခြေခံ ပညာ     အထက်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးရဲတင့်၊  ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်  ခရိုင်၊  မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်း အုပ်ဆရာမကြီး၊   ဆရာ  ဆရာမ များ၊ ကျောင်းအကျိုးတော်ဆောင် များ၊ ကျောင်းသား ကျောင်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ အမှတ် (၁၂)အခြေခံ ပညာ      အထက်တန်းကျောင်းမှ  ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနား ကို    စတင်ဖွင့်လှစ်ပြီး    ရွှေမိုး၊ ငွေမိုးသီချင်း၊ ရွှေညာသူ ရွှေညာ သား သီချင်းများဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။ 


ယင်းနောက်    ပြန်ကြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြား ရာတွင် နောင်တစ်ချိန်တွင် နိုင်ငံ့ တာဝန်ကို   ပခုံးပြောင်း  တာဝန် ထမ်းဆောင်ကြမည့်    လူငယ်များ အနေဖြင့်       ငယ်ရွယ်စဉ်ပညာ သင်ယူချိန်ကာလ      ကတည်းက အခြေခံကောင်းများရှိမှသာ မိမိ ဘဝ၊    မိသားစုနှင့်  ပတ်ဝန်းကျင် အပါအဝင်      နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်ကြမည်   ဖြစ် ကြောင်း၊ အတတ်ပညာ အသိပညာ ပြည့်စုံပြီး   ကျန်းမာကြံ့ခိုင်သော စိတ်ဓာတ်ကောင်းမွန်သော လူငယ် များဖြစ်အောင်    ကြိုးစားကြရန် လိုအပ်ကြောင်း၊    မိဘများနှင့် ဆရာ    ဆရာမများ၏    သွန်သင် ဆုံးမမှုအောက်တွင်      သားသမီး ဝတ်၊    တပည့်ဝတ်များနှင့်အညီ ပညာကို ကြိုးစားသင်ယူကြစေလို ကြောင်း၊  အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက ဆိုသည့်  စကားနှင့်        ကျောင်းများ၏  ဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊  စည်းကမ်း၊ ပညာဆိုသည့်အတိုင်း  စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး နိုင်ငံတော်က အားထားရမည့်  သားကောင်းရတနာများ၊     ဗလ ငါးတန်ပြည့်ဝပြီး ဘက်စုံထူးချွန် သည့်      လူငယ်များဖြစ်အောင် ကြိုးစားကြရန်နှင့်  မိဘ၊  ဆရာ ဆရာမများကလည်း ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြပါရန် တိုက်တွန်း မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးက  ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ချိုချိုက    လက်ခံရယူ သည်။   ဆက်လက်၍ တေးသီချင်း များဖြင့်    သရုပ်ဖော်    ဖျော်ဖြေ တင်ဆက်ကြသည့် အမှတ်(၁၂) အခြေခံပညာ       အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူများအား     ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက်     စာရေးဆရာ ရဲမွန်ကျော်က       ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ် နှင့်စာဖတ်ခြင်း       ခေါင်းစဉ်ဖြင့် လူငယ် အသိပညာပေးဟောပြော ပြီး    ပြန်ကြားရေးနှင့်     ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန    ရုံးချုပ်မှ ဖျော်ဖြေရေး           တီးဝိုင်းအဖွဲ့က ဖျော်ဖြေရေး     အစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။


ထို့နောက် ခန်းမအပြင်ဘက် တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့်   အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူ လူငယ် များကို ဗဟုသုတရရှိစေရန် ‘‘လှပ သာယာ   ပြည်မြန်မာ’’    ရောင်စုံ ဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသ ခြင်း၊    ကျောင်းသား   ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နှင့်ပတ်သက်သည့် အသိပညာပေး     စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) က      ရွေ့လျားစာကြည့်တိုက်   မော်တော်ယာဉ်ဖြင့်      စာအုပ် စာစောင်များ    ငှားရမ်းပေးခြင်း၊      စာအုပ်စာစောင်များ   ခင်းကျင်း ပြသခြင်းနှင့် မြားပစ်ပြိုင်ပွဲ၊  စက် ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ နှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ များ  ပြုလုပ်ပေးခြင်း စသည့်        ပျော်ရွှင်ဖွယ်ဂိမ်းများ ကစား၍      အနိုင်ရရှိသူများအား အမျိုးသားစာပေဆုရှင်      ဆရာ စိုးတင့်   (ဧရာဝတီ)    မိသားစုက လှူဒါန်းသော စာရေးကိရိယာနှင့် စားသောက်ဖွယ်ရာများ     ချီးမြှင့် ပေးအပ်ရာ ကျောင်းသား ကျောင်း သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်