
နေပြည်တော် စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူငယ်များ သည် နိုင်ငံ၏အနာဂတ်ဖြစ် ကြောင်း၊ နိုင်ငံတော်အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အတတ်ပညာ၊ အသိ ပညာ ပြည့်ဝသည့် လူငယ်များ လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင် များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေး” နှင့်“နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌ လူငယ်များအနေဖြင့် အဓိ က စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်နှစ်ရပ် ပါဝင်ကြောင်း၊ ပညာပြည့်စုံပြီး စိတ်ဓာတ်စည်းကမ်း ကောင်းမွန် သည့် လူငယ်များဖြစ်အောင် မိဘ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြစေလိုကြောင်း။
ထို့ကြောင့် လူငယ်များသည် ငယ်စဉ်အခါ ပညာရှာရာတွင် အတန်းအောင် စာတတ်ရုံသာမက တစ်ဦးချင်းစီ၏ ပင်ကိုအရည် အသွေးများ၊ ကိုယ်ရည်ကိုယ်သွေး များ ပြည့်ဝအောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ပညာပြည့်ဝရုံ သာမက ကျန်းမာသန်စွမ်းကြရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြရန်၊ မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းသင်း ဆက်ဆံတတ်ရန် စသည့် အရည်အချင်းများလည်း ပြည့်ဝရန်လိုကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရ မည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစား သင်ယူလေ့လာ ကျင့်ကြံသွား ကြစေလိုကြောင်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ကြူကြူမြင့်က လက်ခံ ရယူသည်။ ဆက်လက်၍ စာရေး ဆရာမသက်သက်နွယ် (ရန်ကုန် တက္ကသိုလ်) က ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး လူငယ်နှင့်ပညာ ရေး ခေါင်းစဉ်ဖြင့် လူငယ်အသိ ပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေး တီးဝိုင်းအဖွဲ့ က ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကြသည်။
ယနေ့အခမ်းအနားတွင် မြန်မာ နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်း သား ကျောင်းသူလူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံ ပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ် များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင် ရန် လူထုအခြေပြု ဗဟိုဌာန (ပျဉ်းမနား) က ရွေ့လျားစာကြည့် တိုက်မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်း ပြသခြင်းနှင့် မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ် Game များ ကစား၍ အနိုင်ရရှိသူအား အမျိုး သားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ) မိသားစုက လှူဒါန်း သော ဘောလ်ပင်နှင့် စာအုပ်များ ချီးမြှင့်ပေးအပ်ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရွှေပင်လယ် (ပြန်/ဆက်)