
နေပြည်တော် ဩဂုတ် ၂၁
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီး ဦးခွန်သိန်းမောင် နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းသို့ သွားရောက်ကာ မြန်မာ - လာအို - ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် မဲခေါင်မြစ် တစ်လျှောက် ရေယာဉ်ဖြင့် သွား ရောက်၍ မြစ်ကြောင်းတစ်လျှောက် တွင် ပြည်တွင်းခရီးသွားဧည့်သည် များ သွားရောက်အပန်းဖြေ လည်ပတ်နိုင်ရေးအတွက် ဖော် ထုတ်ဆောင်ရွက်နိုင်မှုအခြေအနေ များ၊ မြန်မာ-လာအို- ထိုင်း သုံးနိုင်ငံ နယ်စပ်တစ်လျှောက် အပျော်စီး မြစ်ကြောင်း လေ့လာရေးခရီးစဉ် များ ဖော်ထုတ်နိုင်မှုအခြေအနေ များကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ Golden Triangle Paradise Resort ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်ဝင်းအတွင်း မဲခေါင်မြစ် ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုမဖြစ်စေရေး မြေထိန်းနံရံ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက် နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ - လာအို နယ်နိမိတ်မြစ်၊ မဲခေါင်မြစ်၏ မြန်မာဘက် ကမ်းရေတိုက်စားမှုကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်