ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၈ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ၏ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်သည်။ လိုအပ်သည်များမှာကြား ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ပုသိမ်မြို့ သမဝါယမ အသင်းစုချုပ်ရုံးသို့ ရောက်ရှိပြီး အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အသင်းစုချုပ်တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်နေ မှု တင်ပြရာ ဒုတိယဝန်ကြီး က ဧရာဝတီတိုင်းဒေသကြီး၏ သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး၊ ဒေသ ထွက်ကုန် အခြေခံသဘာဝ မြေဩဇာများ ထုတ်လုပ်နိုင်ရေး နှင့် လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ပုသိမ်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ယင်းနောက် ပုသိမ်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တိုင်းဦးစီးမှူးများ၏ ဒေသဖွံ့ဖြိုးရေး အကောင်အထည် ဖော် ဆောင်ရွက်နေသော လုပ်ငန်း အခြေအနေများ တင်ပြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်