
နေပြည်တော် ဖေဖော်ဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်း က ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ် (ဖောင်ကြီး) သို့ ရောက်ရှိပြီး ကျောင်းအုပ် ဆရာကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေဆုံစဉ် ကျောင်းအုပ်ဆရာ ကြီး ဦးရဲမြင့်သန်းက သမဝါယမ ကောလိပ်(ဖောင်ကြီး)၏ ဘာသာ ရပ်များ ပို့ချနေမှု၊ ပညာသင်နှစ် အလိုက် တက်ရောက်သင်ယူနေ သော ကျောင်းသားအရေအတွက် နှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က မြန်မာ့ပညာရေးမျှော်မှန်းချက် နှင့်အညီ ပညာခေတ်၏ စိန်ခေါ် မှုကို ရင်ဆိုင်နိုင်သော အစဉ် လေ့လာသင်ယူနေသည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်စေမည့် ပညာရေး စနစ် ဖန်တီးဖော်ဆောင်ရာတွင် အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး၊ မိမိတို့၏ တပည့်သားသမီးများကို ပညာ ရပ်များ သင်ကြားပေးရုံသာမက အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ရှင်သန် ထက်မြတ်သော လူငယ်လူရွယ် များ ဖြစ်လာအောင် ထုဆစ်ပုံဖော် ပေးကြရေးနှင့် ဆရာ ဆရာမများ သည် ဝန်ထမ်းများဖြစ်၍ ပါတီ နိုင်ငံရေး ကင်းရှင်းကြစေရေး ဆွေးနွေးမှာကြားခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက် ခဲ့သော လှည်းကူးမြို့နယ် ဟိုင်း ကူးကျေးရွာအုပ်စု ကြို့ကုန်း မြောက်ကျေးရွာမှ ကျောက်ခဲလယ် ကွင်းသို့ ဆက်သွယ်သောလမ်း အရှည်ပေ ၅၅၃၀ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ ဒေသခံပြည်သူများ ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် များ တင်ပြမှုအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန လေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေး မှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ရေး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက နိုင်ငံ့ စီးပွားမြှင့်တင်ရေး လုပ်ငန်းများ တွင် ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ကြရန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ဦးစီးဌာန လေးခု ညီညီညွတ်ညွတ် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်