ဒုတိယဝန်ကြီး ဦးလွင်ဦး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့်အခမ်းအနားတက်ရောက်

 

နေပြည်တော်  ဧပြီ   ၉


နိုင်ငံခြားရေး     ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများကို        သိရှိ နားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်  လိုအပ်သည်များ  ပံ့ပိုး ကူညီဆောင်ရွက်နိုင်စေရန်၊ နိုင်ငံ တကာ  သံတမန်များအား စစ်မှု ထမ်းဥပဒေနှင့်   ပတ်သက်သော သတင်းအမှန်များကို မျှဝေပေးနိုင် စေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍     သတင်းအမှား များကြောင့်  ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသော စိုးရိမ်စိတ် များကို လျော့ကျစေရေး ထပ်ဆင့် ရှင်းလင်းနိုင်စေရန်    ရည်ရွယ်၍ သိကောင်းစရာများ ရှင်းလင်းပြော ကြားသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်      နိုင်ငံခြားရေး ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့       ဒုတိယ ဝန်ကြီး ဦးလွင်ဦး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊    ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊      ဦးစီးဌာန အသီးသီးမှ      ဝန်ထမ်းကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ဦးစွာ   နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက  အဖွင့်အမှာစကား    ပြောကြားပြီး စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက      ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်     ပတ်သက် သည့် အချက်အလက်များ၊ ဥပဒေ အရ ယာယီရွှေ့ဆိုင်းပေးထားမည့် သူများ၊    လက်ရှိအခြေအနေတွင် အမျိုးသမီးများကို ပြည်သူ့စစ်မှု ထမ်းခေါ်ယူရန်  မရှိသေးကြောင်း သတင်းထုတ်ပြန်ထားမှု၊ အမျိုး သားရေးတာဝန်ကို ပြည်သူများက  ထမ်းရွက်ရမည့် သမိုင်းပေးတာဝန် အဖြစ်   မှတ်ယူ၍   ဆောင်ရွက် သွားရေး  စသည်တို့ကို  ရှင်းလင်း တင်ပြသည်။
ယင်းနောက်       ဒုတိယအမြဲ တမ်းအတွင်းဝန်က ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်ပတ်သက်၍ နည်း ဥပဒေရေးဆွဲနေမှု     အခြေအနေ၊ အရှေ့တောင်အာရှ    နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင်       ပြည်သူ့ စစ်မှုထမ်း    ဥပဒေကျင့်သုံးနေမှု အခြေအနေများကို     ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိသည်။


သတင်းစဉ်