
နေပြည်တော် မတ် ၁၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည် နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၌ ပြည်နယ်/ခရိုင်/မြို့ နယ်လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် ဓာတ်အား ခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ပြီး တောင်ကြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခ ပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့ငွေများ ချီးမြှင့်
ရှေးဦးစွာ ဒုတိယဝန်ကြီး သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ပြည်နယ်/ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးထားမှု နှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ဓာတ်အားခကြွေးကျန် ကောက်ခံရရှိရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း စေရေး အလေးထားဆောင်ရွက် စေလိုကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိသော ဘတ်ဂျက်ရန်ပုံငွေများ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်း များ ပြီးစီးနိုင်ရေးအတွက် ဘတ်ဂျက်ရန်ပုံငွေများ စနစ် တကျ သုံးစွဲသွားရန်၊ ဝန်ထမ်းများ အားလုံး လုံခြုံရေးအသိ၊ သတိဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်း တာဝန်များ ထမ်းဆောင်သွားကြ ရန်၊ ပူးပေါင်းဆောင်ရွက်သွား ကြရန်၊ ဘဏ္ဍာရေးကဏ္ဍအား ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်း များ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်း လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန် နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီး သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် လင်းသီဟ ကုမ္ပဏီမှ ငွေလက်ခံကောင်တာ တွင် ဓာတ်အားခကောက်ခံနေမှု နှင့် စာရင်းရေးသွင်းပြုစုထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်