
နေပြည်တော် စက်တင်ဘာ ၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်း အမှတ်(၄) မှ တိုင်းတာဝန်ခံ အရာရှိ များနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်- တောင်ကြီးရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်း ပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထား လမ်းပိုင်း၌ ကျောက်ရထားဖြင့် လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ် ပြေးဆွဲမှုနှင့် တောင်ကြီးဘူတာ တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထား လမ်းပိုင်းကိုစစ်ဆေးပြီး အဆိုပါ ရထားလမ်းပိုင်းရှိ အချို့နေရာ များတွင် ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ တာပေါင်မြင့်သည့် နေရာများ တွင် Toe Wall များ စနစ်တကျ တည်ဆောက်ရန်နှင့် လမ်းပိုင်း အတွင်း အသုံးပြုရန်မလိုတော့ သည့် သံလမ်း၊ ကွန်ကရစ် ဇလီဖား နှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျပြန်လည်သိမ်းဆည်း ခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်း၌ ကျောက်ရထားဖြင့် ဝန်ချိန်ပြည့် စမ်းသပ်မောင်းနှင်မှုကို လိုက်ပါ စစ်ဆေးရာ သတ်မှတ်မိုင်နှုန်း အတိုင်း ကောင်းမွန်စွာ ပြေးဆွဲ မောင်းနှင်နိုင်ကြောင်း တွေ့ရှိရပြီး ကျောက်ဖြည့်သွင်းရန် လိုအပ် သည့် နေရာများတွင် ကျောက် ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက် ခြင်းများ စနစ်တကျ ဆောင်ရွက် ရန်၊ လမ်းပိုင်းအချောသပ်ခြင်း လုပ်ငန်းများ စနစ်တကျ ဆောင် ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်း နံရံများ စနစ်တကျ ဆောင်ရွက်ရန်၊ ရထားလမ်းတာပေါင် ရေတိုက် စားမှုနည်းစေရန်အတွက် မြက်ကပ် စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည်တောင်ကြီးဘူတာကိုစစ်ဆေးပြီး ရထားပြေးဆွဲရာတွင် အန္တရာယ် ကင်းရှင်းစေရေးအတွက် အရေးကြီး သည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေးနှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေး ချမ်းသာစွာ နားနေသွားလာနိုင် အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်