ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၊ မြန်မာ့သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်   ၁၆


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်  ၈  နာရီက   မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း  ကောလိပ် သို့  သွားရောက်၍  လုပ်ငန်းများ ဆောင်ရွက်နေမှုကို         ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ ရှင်းလင်းခန်းမဆောင်၌ ကျောင်းအုပ်ကြီးက တည်ဆောက် ရေးလုပ်ငန်းများ၊    နိုင်ငံတကာ စံနှုန်းများနှင့်အညီ    လေ့ကျင့် သင်ကြားပို့ချနေမှု၊            လက်ရှိ လုပ်ငန်း     ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီ အမံများကို   ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်ဆောက် ရေးကိစ္စရပ်များ   ဆောင်ရွက်ရာ တွင်သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ   ခိုင်ခံ့စွာတည်ဆောက်သွား ရန်၊ ဘဏ္ဍာငွေကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားရန်၊ သင်ရိုး ညွှန်းတမ်းများကို ခေတ်စနစ်နှင့် အညီ  ရေးဆွဲသင်ကြားသွားရန်၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ် များကို  မိသားစုများအပါအဝင် အစဉ်အမြဲ ဂရုပြုနေထိုင်သွားကြ ရန်   မှာကြားခဲ့ပြီး ဆရာ ဆရာမ များနှင့်               ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။ 

 

 


မွန်းလွဲပိုင်းတွင်        ဒုတိယ ဝန်ကြီးသည်   သင်တန်းသားများ စားရိပ်သာ၌         အရာရှိလောင်း ဒီပလိုမာ  သင်တန်းသားများနှင့် အတူ  ရင်းရင်းနှီးနှီး  နေ့လယ်စာ သုံးဆောင်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာ ချက်ပြုတ်သည့်          နေရာတွင် သန့်ရှင်းမှုရှိစေရေး၊ သင်တန်းသား လက်တွေ့လေ့ကျင့်သည့်  ရေကူး ကန်နေရာ၊   သင်တန်းသားများ ၏  Gym  ကစားသည့်နေရာ၌ အားကစားပစ္စည်းများ ထားရှိမှုနှင့် တည်ဆောက်ပြီးသည့်  လေးခန်း တွဲ၊ ခြောက်ထပ်  ဝန်ထမ်းအိမ်ရာ တို့ကို       ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ     မှာကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီး သည်         မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့  သွားရောက်ကြည့်ရှု စစ်ဆေးပြီး  အစည်းအဝေးခန်းမ တွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘော ကျင်းလုပ်ငန်း၏        ရေယာဉ် တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း ဆိုင်ရာကိစ္စများကို            ရှင်းလင်း တင်ပြရာ        ဒုတိယဝန်ကြီးက လိုအပ်သည်များကို   ဆွေးနွေး ပေါင်းစပ်      ညှိနှိုင်းပေးခဲ့ပြီး အရာထမ်း၊   အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။   ဆက်လက်ပြီး ဒုတိယဝန်ကြီးသည်   တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ မြန်မာ့ ကြယ်ငါးပွင့်  သင်္ဘောလုပ်ငန်းမှ MV ဥဿရေယာဉ် လွန်းတင်ထား မှု၊ ရေလုံလွန်းကျင်းနှင့် ဆက်စပ် လုပ်ငန်းများ          အခြေအနေ၊ ရေယာဉ်ပြုပြင်ရေးအလုပ်ရုံ တို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ      မှာကြားခဲ့ကြောင်း    သိရ သည်။                    

သတင်းစဉ်