ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်  ဇွန်  ၂
ပြည်ထဲရေးဝန်ကြီးဌာန    မြန်မာ နိုင်ငံရဲတပ်ဖွဲ့          ဒုတိယရဲအုပ် လောင်း    သင်တန်းအမှတ်စဉ် (၁၁၀/၂၀၂၃)          ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်   ၇   နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့နယ်၊   ရဲအရာရှိလေ့ကျင့်ရေး ကျောင်း စစ်ရေးပြကွင်း၌ ကျင်းပ ရာ   ဒုတိယဝန်ကြီး   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့      ရဲချုပ်    ဗိုလ်ချုပ် ဇင်မင်းထက် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က    ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြု ခြင်းကို   ခံယူကာ  သင်တန်းဆင်း တပ်ခွဲအားစစ်ဆေးခဲ့ပြီး ဒုတိယ ရဲအုပ်လောင်းများက    အနှေး လျှောက်၊            အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။   
ယင်းနောက်   ပြည်ထဲရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့       ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ  ဒုတိယရဲအုပ်လောင်း        ဌေးလွင်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆု ရ ဒုတိယရဲအုပ်လောင်း  နှင်းအိန္ဒြေ ချမ်းမြေ့သူ၊      ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စုန္ဒာ၊   လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း     ဌေးလွင်၊ အင်္ဂလိပ်စာဘာသာရပ်    ထူးချွန် ဆုရ               ဒုတိယရဲအုပ်လောင်း နှင်းအိန္ဒြေချမ်းမြေ့သူ            တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က သင်တန်းဆင်း ဒုရဲအုပ်လောင်းများ    အနေဖြင့် တပ်ဖွဲ့အသီးသီးမှာ  ခေါင်းဆောင် ငယ်များအဖြစ် စတင်တာဝန်ထမ်း ဆောင်ကြရမည့်သူများ   ဖြစ်သည် နှင့်အညီ   ခေါင်းဆောင်မှုအရည် အသွေးများကို     ကောင်းစွာသိရှိ နားလည်ပြီး           အဆင့်ဆင့် ကွပ်ကဲ       အုပ်ချုပ်မှုများကိုလည်း စည်းကမ်းတကျဖြင့်   တိုးတက် အောင်မြင်အောင်  ဦးဆောင်သွား ကြရမည်ဖြစ်ကြောင်း၊  တိုးတက် ပြောင်းလဲနေသည့် မျက်မှောက် ခေတ်ကာလတွင်   ပြည်သူတို့ဘဝ အေးချမ်းသာယာ      ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ပြည်တွင်းလုံခြုံရေး နှင့်   ရပ်ရွာ      အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊     မူးယစ် ဆေးဝါးအန္တရာယ်    တားဆီး ကာကွယ်ရေး၊  ပြည်သူ့အကျိုးပြု လုပ်ငန်းများ      ဆောင်ရွက်ရေး ဆိုသည့်     ရည်မှန်းချက်တာဝန် (၄) ရပ်ကို    အလေးထားအောင်မြင် အောင်    အကောင်အထည်ဖော် ဆောင်ရွက်သွားရန်     လိုအပ် ကြောင်း။
ရဲတပ်ဖွဲ့ဝင်များသည် ပြည် တွင်း  လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက်အောင်မြင် အောင် ကြိုးစားဆောင်ရွက်နေရ သလို     နယ်စပ်ဒေသများမှာပါ လုံခြုံရေးကို ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့်နာခံတတ်သည့် စိတ်ဓာတ်ရှိဖို့    လိုအပ်ကြောင်း၊ ရပ်ရွာ   အေးချမ်းသာယာရေးနှင့် တရားဥပဒေ        စိုးမိုးရေးသည် အဓိကကျခြင်းကြောင့်    ပြည်သူ လူထုအတွင်း   တရားဥပဒေစိုးမိုး ရေးနှင့်     မှုခင်းအသိပညာပေး လုပ်ငန်းများကို      ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပြီး    ပြစ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ဥပဒေနှင့်အညီ ဘက်ပေါင်း စုံမှ ကြိုးပမ်းအကောင်အထည် ဖော် ဆောင်ရွက်ကြရန်နှင့် မူးယစ် ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေ သော     ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန်   တစ်ရပ် အနေဖြင့် ပူးပေါင်းတိုက်ဖျက်သွား ရန်လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်း များတွင်လည်း       အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေး  လုပ်ငန်း များဆောင်ရွက်ခြင်း    စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လည်း      စိတ်အားထက်သန်စွာ ဖြင့်    တက်တက်ကြွကြွ   ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်     နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ များ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်  (၁၂) ရပ် ချမှတ်ကာ အကောင်ထည်ဖော်      ဆောင်ရွက် လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များမှ လည်း  မိမိတို့ကျရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်သွားကြရန် လိုအပ် ကြောင်း၊    လုံခြုံရေးနှင့်    တရား ဥပဒေစိုးမိုးရေး            လုပ်ငန်းများ ဆောင်ရွက်ရာတွင်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ       လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင် ပါရှိသည့် “နိုင်ငံတော်တွင် အရေး ကြုံတိုင်း နောင်တော်တပ်မတော် နှင့်     တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍     ကာကွယ်စောင့် ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်              အချက်နှင့်အညီ တပ်မတော်နှင့်အတူ   လက်တွဲ၍ လက်ရှိ နိုင်ငံတော်၏ အခြေအနေ ကို        တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သွားရမည်       ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနား သို့      နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်   (အထက်မြန်မာပြည်)   ပါမောက္ခ ချုပ် ဦးကျော်စိုး၊ ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်   ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ     ဒုတိယရဲအုပ်လောင်း သင်တန်း  အမှတ်စဉ်  (၁၁၀)ရဲသီဟတပ်ခွဲတွင်   တပ်တွင်းဘွဲ့ရ အမျိုးသား ၂၃၁ ဦး၊ တပ်ပြင်ဘွဲ့ရ အမျိုးသား နှစ်ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၀၈ ဦး၊  တပ်ပြင်ဘွဲ့ရ အမျိုးသမီး  တစ်ဦး   စုစုပေါင်း ၃၄၂  ဦး တို့ကို        သင်တန်းဆင်းပေး ခဲ့ကြောင်း သိရသည်။
  သတင်းစဉ်