ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း စစ်တွေမြို့တွင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဩဂုတ် ၁၈ 


စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်းသည်   တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၉  နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့်တွေ့ဆုံပြီး   နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာကိစ္စ ရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်   ရခိုင်ပြည်နယ်   ဒေသန္တရ စီမံကိန်း    အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက်   ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ နှင့်   စပ်လျဉ်း၍   ဆွေးနွေးခဲ့ သည်။


ထောက်ပံ့ငွေများပေးအပ်


ထို့နောက်    ဒုတိယဝန်ကြီး သည်   စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့ အစည်းများတွင်   တာဝန်ထမ်း ဆောင်နေသည့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့်     မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်   တွေ့ဆုံ၍ လက်ရှိ   ဘဏ္ဍာရေးနှစ်အတွင်း လျာထားသည့်   စီမံကိန်းများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ စာရင်းဇယား မှန်ကန်ရေးကို      အလေးပေး ဆောင်ရွက်ရန်၊   နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုများ စနစ်တကျဖြစ်စေရန်၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု များကို   မြေပြင်ကွင်းဆင်းစိစစ် ခြင်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်နိုင်ရေး တို့ကို မှာကြား၍ ရခိုင်ပြည်နယ် တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာန မှ ပံ့ပိုးပေးသည့်  ထောက်ပံ့ငွေများ ပေးအပ်သည်။


ကြည့်ရှုစစ်ဆေး


ယနေ့ နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးသည် မိုခါမုန်တိုင်းကြောင့် ရုံးအဆောက်အအုံနှင့်   ဝန်ထမ်း အိမ်ရာများ  ပျက်စီးဆုံးရှုံးမှုများ အတွက်  ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ပြည်သူဗဟိုပြုစီမံကိန်း များရေးဆွဲနိုင်ရေး၊   နိုင်ငံတော်မှ ချမှတ်ထားသည့်    ဦးတည်ချက် များကို စီမံကိန်းများနှင့် ချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးတို့အတွက် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု   မြှင့်တင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်