
နေပြည်တော် ဧပြီ ၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒေါက်တာဝါဝါမောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည် နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တက်ဟုန်ပြည်နယ်ခွဲတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်