ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်သို့ တက်ရောက်

 

နေပြည်တော် စက်တင်ဘာ ၁၆


သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဒေါက်တာ အောင်ဇေယျသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  နန်နင်းမြို့၌   ကျင်းပသည့်     ဒုတိယအကြိမ် မြောက်    တရုတ်  -  အာဆီယံ နျူကလီးယား     နည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်သို့ တက်ရောက်သည်။


အဆိုပါဖိုရမ်တွင်    ဒုတိယ ဝန်ကြီးက အမှာစကားပြောကြား ရာ၌    နိုင်ငံ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်သူ့ လူမှုစီးပွားဘဝ      မြင့်မားရေး အတွက်   စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ကျန်းမာ ရေးကဏ္ဍ   မြှင့်တင်ဆောင်ရွက် ရန်ရှိကြောင်း၊  သို့ဖြစ်ရာ   ယင်း လုပ်ငန်းများ တိုးတက်ရန်  ပံ့ပိုး ပေးမည့် နျူကလီးယားနည်းပညာ ကို ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ သုတေသနများ၊ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။ 


ထို့ပြင်    ဒုတိယဝန်ကြီးက အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ၌      အရည် အသွေးမြင့်မားသည့် ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ရန်    မျှော်မှန်းထား လျက်ရှိရာ   ဖိုရမ်ဆောင်ပုဒ်ဖြစ် သည့် "Atoms for Better Home" နှင့် ကိုက်ညီထင်ဟပ်နေကြောင်း၊ နျူကလီးယားစွမ်းအင်   ငြိမ်းချမ်း စွာအသုံးပြုရေး၊ ဘေးကင်းစေရေး အစီအမံများနှင့်   ထိန်းချုပ်စောင့် ကြပ်ရေးအဆင့်မြှင့်တင်မှုများကို နိုင်ငံတကာနှင့်  ပူးပေါင်းဆောင် ရွက်နေကြောင်း၊    အရှေ့တောင် အာရှ    နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန်စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး  ခိုင်မာသော  ကတိ ကဝတ်များကို ထပ်မံအတည်ပြုခဲ့ ပြီးဖြစ်ကာ    အာဆီယံအဏုမြူ စွမ်းအင်ကြပ်မတ်ရေး   ဌာနများ ကွန်ရက် (ASEANTOM)  အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး  ASEANTOM-IAEA ၏    နျူကလီးယားလုံခြုံရေးနှင့် ဓာတ်ရောင်ခြည်   အရေးပေါ်ကိစ္စ ရပ်များအတွက် ကြိုတင်ပြင်ဆင် မှုနှင့်  တုံ့ပြန်မှုများဆိုင်ရာစီမံကိန်း တွင်လည်း  ပါဝင်ဆောင်ရွက်နေ ကြောင်း၊   IAEA  ၏   နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး    အစီ အစဉ်ဖြင့် နျူကလီးယားသိပ္ပံနှင့် နည်းပညာအသုံးချရေးများအပြင် စွမ်းရည်မြှင့်တင်ရေးများ ဆောင် ရွက်နေကြောင်း     ဆက်လက် ပြောကြားသည်။


ဖိုရမ်အတွင်း  ဒုတိယဝန်ကြီး ဒေါက်တာ   အောင်ဇေယျသည်  တရုတ်အဏုမြူစွမ်းအင်အေဂျင်စီ  ဒုတိယ   ညွှန်ကြားရေးမှူးချုပ်၊ တရုတ်အမျိုးသားနျူကလီးယား ကော်ပိုရေးရှင်း  ဒုတိယဥက္ကဋ္ဌတို့ နှင့်လည်း   တွေ့ဆုံခဲ့ပြီး  စိုက်ပျိုး ရေးထုတ်ကုန်ကဏ္ဍ   မြှင့်တင်ရေး နှင့်  ကျန်းမာရေးစောင့်ရှောက်မှု အတွက် နျူကလီးယားနည်းပညာ ကို အသုံးချခြင်းအပြင် သုတေသန နှင့်  လူ့စွမ်းအားရင်းမြစ်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်ရေး  ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြကြောင်း သိရသည်။              

 
သတင်းစဉ်