
နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီသည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ် ခရီးလာရောက် သည့် တရုတ်နိုင်ငံ ဟူနန်ပြည် နယ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီး နှင့် ဟူနန်ပြည်နယ် ရဲတပ်ဖွဲ့မှူး Mr.Wang Yi Ou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် ရှိ Horizon Lake View ဟိုတယ် ၌ တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လူကုန် ကူးမှု တိုက်ဖျက်ရေး၊ ဆိုက်ဘာ မှုခင်းနှင့် ဆက်သွယ်ရေး အသုံးပြု လိမ်ညာမှုများ တိုက်ဖျက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရန်အတွက် အမြင် ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေး အပ်သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁)၊ ရဲဗိုလ်ချုပ် အောင်အောင်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများ တက် ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်