
နေပြည်တော် ဖေဖော်ဝါရီ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သံတွဲမြို့ နယ် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဂွမြို့သို့ ရောက်ရှိ ကာ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အိမ်တွင်းသက်မွေး လုပ်ငန်း သင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေး၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ထည့်ဝင်လှူဒါန်း ငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဂွမြို့ သမိုင်းဝင် မင်းတောင်စေတီ တော်မြတ်ကြီး တောင်တက်လမ်း၊ ကွန်ကရစ်လမ်းသစ်ကို တက်ရောက် ဖွင့်လှစ်ပေးသည်။
ဖေဖော်ဝါရီ ၂၂ ရက် နံနက် ပိုင်းတွင် လပွတ္တာမြို့ရှိ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်းနှင့် အမျိုးသမီး အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး သင်တန်းအလုပ်ရုံ၊ စာသင်ဆောင် များ၊ အိပ်ဆောင်၊ စားရိပ်သာ၊ မီး၊ ရေ ရရှိမှုအခြေအနေ၊ သင်တန်း သား သင်တန်းသူများ လက်တွေ့၊ စာတွေ့ သင်ကြားနေမှု၊ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကို ကြည့်ရှု စစ်ဆေးသည်။
ဖေဖော်ဝါရီ ၂၃ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် လေးထပ် အလုပ်ရုံစာသင် ဆောင်၊ အားကစားကွင်းပွဲကြည့် စင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော် မာ တည်ဆောက်ရေးလုပ်ငန်း နှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ကြားနေမှုနှင့် လက်တွေ့ ခန်းများ၊ စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ နှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။
ထို့နောက် ကျောင်းအုပ်ကြီး နှင့် ဌာနမှူးများ၊ ပါမောက္ခများ နှင့် လည်းကောင်း၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ နှင့်လည်းကောင်း တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)ကို ရောက်ရှိစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်