ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား  မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ပဒေသာ(ပြင်ဦးလွင်)အသင်းနှင့် UTH Club အသင်း ပထမဆုဆွတ်ခူး

 

ရန်ကုန်   စက်တင်ဘာ  ၂၇


၂၀၂၂ ခုနှစ်  ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ     ရိုးရာခြင်းလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလား      မိုးရာသီ တံခွန်စိုက်   မြန်မာ့ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကို    ယမန်နေ့က     ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ရာ   ၁၀   ပေါက်တန်းပြိုင်ပွဲတွင် ပဒေသာ (ပြင်ဦးလွင်) အသင်းနှင့် ခြောက်ပေါက်တန်းတွင်    UTH Club တို့က အနိုင်ရရှိသည်။

 


ပြိုင်ပွဲအပြီး    ဆုချီးမြှင့်ပွဲကို ကျင်းပရာ     ဆုရရှိသူများအား တာဝန်ရှိသူများက  ဆုများချီးမြှင့် ပေးပြီး  အမျိုးသား  ခြောက်ပေါက် တန်း ပြိုင်ပွဲတွင် ပထမဆုရ UTH Club အသင်းကို   တိုင်းဒေသကြီး အစိုးရအဖွဲ့      အတွင်းရေးမှူး ဦးညီညီမင်းနှင့်  အမျိုးသား  ၁၀ ပေါက်တန်းပြိုင်ပွဲတွင်  ပထမဆုရ ပဒေသာ   (ပြင်ဦးလွင်)   အသင်း တို့ကို     ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း က  ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။


အာကာစိုး