
ရန်ကုန် ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသား နေ့နှင့် Thailand's Father's Day အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း အမှတ် (၉၄) ရှိ ထိုင်းသံအမတ် ကြီး၏ နေအိမ်ခြံဝင်း၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နှင့် ဇနီးတို့ တက်ရောက်ကြ သည်။
အခမ်းအနားဖွင့်လှစ်
ရှေးဦးစွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ထိုင်းနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E .Mr.Mongkol Visitstump နှင့် ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီး နှင့်ဇနီးတို့သည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ထိုင်းယဉ်ကျေး မှုအဖွဲ့က ထိုင်းရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။ ထို့နောက် သံအမတ် ကြီးနှင့်ဇနီးတို့က တက်ရောက် လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ထိုင်းယဉ်ကျေး မှုအဖွဲ့က ထိုင်းရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် နောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂ ဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
သတင်းစဉ်