ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ − နိုင်ငံအဆင့် (10th ASEAN Quiz – National Level) ပြိုင်ပွဲကို MRTV-HD Channel တွင် ပြသမည်

 

နေပြည်တော်   ဇွန်   ၁


ဒသမအကြိမ်မြောက်   အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ   (10th ASEAN   Quiz)  ကို  ၂၀၂၂  ခုနှစ် ဒီဇင်ဘာလတွင်  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ရာ   မြန်မာနိုင်ငံကိုယ်စားပြု လူငယ်သုံးဦး ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 


အဆိုပါ မြန်မာနိုင်ငံကိုယ်စား ပြု လူငယ် သုံးဦး ရွေးချယ်နိုင်ရန် အတွက်    အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ - နိုင်ငံအဆင့် (10th ASEAN Quiz-National Level)ကို ဇွန် ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန် မြို့ ပြည်လမ်းရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  Studio   A   ၌ တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးမှ   ရွေးချယ်ထားသော ကျောင်းသား ကျောင်းသူ ၁၀ ဦး တို့ဖြင့်   ယှဉ်ပြိုင်ခဲ့ကြရာ  ထိုသို့ ယှဉ်ပြိုင်မှုများကို   MRTV   HD Channel မှ ဇွန်(၆၊ ၇၊ ၈)ရက် များတွင် ညနေ ၆ နာရီ သတင်း အပြီး၌   မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်