ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှစေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၄


နေပြည်တော်ကောင်စီက   ကြီးမှူးကျင်းပသည့်   ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ   ပထမအကြိမ်  အသံမစဲ  မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ      ဖွင့်ပွဲအခမ်းအနားကို    ယနေ့ နံနက်ပိုင်းက  ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှစေတီတော်၌ကျင်းပရာ    ဒက္ခိဏသီရိမြို့နယ်    သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် များနှင့်၎င်းတို့၏ ဇနီးများ၊  နေပြည်တော်သာသနာရေး ဦးစီးဌာန သာသနာရေးမှူး ၊   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊   ဧည့်ပရိသတ်များ  တက်ရောက် ကြသည်။
 ရှေးဦးစွာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌက စေတီတော်အတွင်းရှိ   ဗုဒ္ဓရုပ်ပွားတော်အား   ပန်း၊ ဆီမီးနှင့် ရေချမ်းဆက်ကပ်ပူဇော်သည်။

 


ထို့နောက်     နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ   နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တက်ရောက် လာကြသည့်    ဧည့်ပရိသတ်များက   ဒက္ခိဏသီရိ မြို့နယ်   သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်း ကျောင်းတိုက်   ပဓနနာယကဆရာတော်   ဘဒ္ဒန္တ ပဏ္ဍိတ    အရှင်သူမြတ်ထံမှ   ငါးပါးသီလခံယူ ဆောက်တည်ကြပြီး   အခမ်းအနားမှူးက  ပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာကို       ရွတ်ဖတ်ပူဇော် သည်။

 


ဆက်လက်၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာများ        လျှောက်ထားပြီး နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက   ဆရာတော်သံဃာတော်များထံ   ပဋ္ဌာန်းကျမ်းစာအုပ် (အပေါ်ယာပုံ)၊  ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့်  ပရိတ်ရေများ  ဆက်ကပ်ပူဇော်ကြသည်။

 


ယင်းနောက်    ဆရာတော်   သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက  ပဋ္ဌာန်းပစ္စယုဒ္ဒေသ  ပါဠိတော်  သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး  ဆရာတော် သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။

 


ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ   ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်   ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ  ၄ ရက်မှ ၈ ရက် အထိ ငါးရက်တိုင် တိုင်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အောင်ကိုကို(ပြန်/ဆက်)