ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရာတွင်

 

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍ လည်းကောင်း မည်သို့ပင် အယူအဆ အမျိုးမျိုး ကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့်   သဟဇာတဖြစ်သည့်   စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ နှင့်ပတ်သက်ပြီး  အများဆန္ဒအတိုင်း   ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်း သာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍  လုံးဝမရှိ ကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း။

 


မိမိတို့ ယနေ့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ခြင်းသည် မိမိတို့၏ သားစဉ်မြေးဆက်လူငယ်များအတွက် တည်ငြိမ်သည့်  အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတစ်ခု ဖြစ်အောင် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် အမျိုးသားရေး တာဝန်အဖြစ်   ကြိုးပမ်းအ‌ကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊   ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်း သားအားလုံး ခံစားစေလိုကြောင်း။  

 

               
[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  ၃-၃-၂၀၂၁ ရက်နေ့ အမျိုးသားစည်လုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်ချက်  ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁)တွင်   ပြောကြားသည့်  မိန့်ခွန်းကောက်နုတ်ချက်]