ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ ရေတံခွန်မြို့တော်

 

ယဉ်လာဒ်၊ ဓာတ်ပုံ- Sai Swan

ရေတံခွန်မြို့တော်လို့ တင်စားရလောက်အောင် တကယ့်ကို ရေတံခွန်တွေပေါများတဲ့ အရပ်ဒေသဟာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲမှာ တည်ရှိနေပါတယ်။ ဒီဒေသမှာ သဘာဝတရားက ဖန်ဆင်းပေးထားတဲ့ လက်ဆောင်မွန်ကောင်းဖြစ်တဲ့ ရေတံခွန်တွေ များစွာရှိရုံသာမက သဘာဝလိုဏ်ဂူတွေ များစွာရှိနေခြင်းကလည်း  ရွာငံမြို့နယ်ကို ထင်ရှားစေတဲ့ ဝိသေသတစ်ခု ဖြစ်ပါတယ်။

ရေတံခွန်တွေ  သေးသေးကြီးကြီး များစွာရှိတဲ့အနက်     အထင်ရှားဆုံး ရေတံခွန်တွေကတော့  ပြည်တွင်းခရီး သွားတွေ   အများဆုံးလည်ပတ်ကြတဲ့ တလုပ်ချရေတံခွန်၊ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန်၊   ဆည်ကြီးကျ ရေတံခွန်၊   ကျောက်စက်ကျရေတံခွန် ဂဏန်းကျ(ဂဏန်းခွက်ကျ)   ရေတံခွန်နဲ့ ရေပြာစမ်းရေတံခွန်တို့  ဖြစ်ကြပါတယ်။
ဒီရေတံခွန်တွေထဲမှာ ခရီးသွားများ အများဆုံး   သွားရောက်လည်ပတ်ကြ တဲ့ ဂဏန်းကျရေတံခွန်ဟာ  လာရောက် လည်ပတ်သူ    အင်မတန်များပြားတဲ့ အတွက်  လူမှုကွန်ရက်မှာတောင် နာမည် ကြီးလာခဲ့တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ဂဏန်းကျခေါ် ဂဏန်းခွက်ကျ ရေတံခွန် ဟာ ကျောက်စက်ကျရေတံခွန်   အမျိုး အစားဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်  ရွာငံ-အောင်ပန်းလမ်း အနီး မြိုင်ရွာမှာရှိပါတယ်။   မေလဆန်း ပိုင်းလောက်ကစပြီး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးလာပြီးနောက် လည်ပတ်သူ ဦးရေ   အင်မတန် များပြားလာခဲ့တယ် လို့ မြိုင်ကျေးရွာက အုပ်ချုပ်ရေးမှူးက စာရေးသူကို ပြောပါတယ်။
‘‘လပြည့်လကွယ်နေ့တွေ      ဆိုရင် တော့ တစ်ရက်ကို   လူဦးရေ   ၁၅၀၀ လောက် လာလည်ကြပါတယ်။ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့တုန်းကဆို    လူဦးရေ ၄၀၀၀ ကျော် လာကြတယ်။ လက်ရှိမှာ ကျွန်တော်တို့တွေ  ဂဏန်းကျရေတံခွန်ရေရှည်တည်တံ့ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဝင်ကြေးအနေနဲ့ လူတစ်ဦးကို   ၅၀၀ ဝင်ကြေးကောက်ပါတယ်။ ရဟန်းသံဃာ သီလရှင်တွေကိုတော့  မကောက်ပါဘူး’’ လို့ ဂဏန်းကျရေတံခွန် ရေတံခွန် ရေရှည် တည်တံ့ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦး က စာရေးသူကို ပြောပါတယ်။ လက်ရှိမှာ တော့ ဂဏန်းကျရေတံခွန်ကို လာရောက် သူ    များပြားလာတဲ့အတွက်      နားနေဖို့ နေရာ၊ ကားဝင်း၊ လူသွားလမ်းများ ပြုလုပ် ထားသလို    ကိုးပေပတ်လည်ဆိုင်ခန်း ပေါင်း ၂၀ ဖွင့်လှစ်ထားပြီး ဒေသခံတွေက စျေးရောင်းချခြင်းနဲ့ နေ့စဉ်ဝင်ငွေတစ်ခု ကို ရရှိနေပြီလို့ သိရပါတယ်။
ရွာငံမြို့ရဲ့  ၂၁ မိုင် အကွာမှာ တည်ရှိ တဲ့ မြင်းကျဒိုးကျေးရွာအုပ်စုထဲမှာ  အထင် ရှားဆုံးရေတံခွန်ကတော့  ပေ  ၁၀၀၀ ကျော်မြင့်တဲ့     ဆည်ကြီးကျရေတံခွန် ဖြစ်ပြီး အလွန်လှပတဲ့   ရေတံခွန်တစ်ခု လည်းဖြစ်ပါတယ်။ မိုးရာသီကာလမှာ ရွာငံဒေသကို သွားရောက်လည်ပတ်ရင် လှပတဲ့ ရေတံခွန်များစွာကို   တွေ့မြင်ရ မှာ ဖြစ်ပါတယ်။ မြင်းကျဒိုးကျေးရွာထဲက ဆည်ကြီးကျရေတံခွန်၊    ရေပြာစမ်း၊ မိန်းမရဲသခင်မတောင်၊ ရေပြာအိုင်တို့ဟာ ခရီးသွားဧည့်သည်တွေကြား ထင်ရှားတဲ့   ခရီးသွားနေရာတွေဖြစ်တယ်လို့ မြင်းကျ ဒိုးကျေးရွာအုပ်စုရဲ့ ဥက္ကဋ္ဌက စာရေးသူကို ပြောပါတယ်။
ဒါ့အပြင် ပြဒါးလင်းဂူနဲ့ ညောင်ကျပ် ဆည်၊ ပန်းလောင်ပြဒါးလင်းဂူ သဘာဝ ထိန်းသိမ်းရေး         ဘေးမဲ့တောစခန်း၊ ကျောက်ငှက်ဝံတွင်းဂူ ၊ သဘာဝဆင်လည် ရေဝင်ဂူ၊   ပလောင်ရွာ၊   လင်းဝေးဂူ၊ လင်းဝေးနဂါးအင်းဂူ၊        နတ်သမီး ရက်ကန်းစင်တောင်ရှုခင်းသာ၊   မြသပိတ် ရေပြာအိုင်၊ သဘာဝရေဖြူစမ်း  ရေချိုး ကန်၊  ကျောက်ခေါင်းဂူနဲ့   ဇော်ဂျီမြစ် ရေချိုးဆိပ်၊ မြို့ကြီးတောရကျောင်းနဲ့ မြို့ကြီးဆည်တို့ဟာလည်း    ပြည်တွင်း ခရီးသွားဧည့်သည်တွေ     အများဆုံး သွားရောက်လည်ပတ်ကြတဲ့နေရာတွေ  ဖြစ်ပါတယ်။  မင်းပလောင်ရေပူစမ်းနဲ့ ပန်းလောင်မြစ်၊ ရနဲရေတံခွန်နဲ့ ကမ်းပါးနီ ကျောက်လုံးကြီးစခန်းက   ကျောက်ခေတ် လူသားတို့ရဲ့   ဆေးရေးပန်းချီလက်ရာ များကိုလည်း ပြည်တွင်းခရီးသွားတွေ   လည်ပတ်ကြည့်ရှုကြလေ့ရှိပါတယ်။
သဘာဝကိုအခြေခံထားတဲ့ တောတွင်း ခရီးကြမ်း   Trekking   ကိုလည်း   ခရီး သွားဧည့်သည်တွေက   စိတ်ဝင်တစား သွားရောက် လည်ပတ်ကြပါသေးတယ်။ ဒီလိုသဘာဝတရားရဲ့ လက်ဆောင်မွန် ကောင်းများကို    ရရှိပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   ဓနုမြေမှ ရွာငံဒေသရဲ့ ရေတံခွန်မြို့တော် ခရီးသွား လုပ်ငန်းဟာ ပြည်တွင်းခရီးသွားဧည့်သည် တွေကို ဆွဲဆောင်နိုင်ရုံသာမက ပြည်ပဧည့်သည်တွေရဲ့စိတ်နှလုံးကိုပါ ဆွဲသိမ်း ယူနိုင်တဲ့    ခရီးသွားဒေသတစ်ခုအဖြစ် ကျော်ကြားလာမှာကတော့     အမှန်ပင် ဖြစ်ပါတော့တယ်။        ။