
နေပြည်တော် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)မှ ထုတ်လုပ် သည့် ယူရီးယားဓာတ်မြေဩဇာ များကို တောင်သူများလက်ဝယ်သို့ သက်သာသော ဈေးနှုန်းဖြင့် အချိန်မီ ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ယင်း အမှတ်(၅) ဓာတ်မြေ ဩဇာစက်ရုံ (ကန်ကြီးထောင့်)သည် ညောင်တုန်း/ မအူပင် ရေနံ မြေမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ကို အဓိကကုန်ကြမ်း အဖြစ် အသုံးပြု၍ ယူရီးယား ဓာတ်မြေဩဇာ တစ်ရက်လျှင် တန် ၃၀၀ ခန့် ထုတ်လုပ်ပေးလျက် ရှိပြီး စက်ရုံမှ ထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာများကို စပါးအပါအဝင် ဆီထွက်သီးနှံ နှင့် ဝါစိုက်ပျိုးရေးတို့အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၊ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချ ရေးကော်မတီတို့နှင့် ညှိနှိုင်းကာ တောင်သူများ လက်ဝယ်သို့ သက်သာသောဈေးနှုန်းဖြင့် အချိန် မီဖြန့်ဖြူး ရောင်းချပေးနေခြင်း ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းလက်အောက်ရှိ အဆိုပါ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) သို့ သွားရောက် ပြီး စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်ဝစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး စက်ပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားပြီး စက်ရုံအတွင်းရှိ Control Room ၊ ယူရီးယား ဓာတ်မြေဩဇာများ ထုတ်လုပ် နေမှုနှင့် ဖြန့်ဖြူးပေးနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ အမှတ် တရလက်ဆောင်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေဩဇာ ကုန် တင်ကုန်ချလုပ်သားများအတွက် ဆန်အိတ် ၁၅၆ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ညောင်တုန်း-မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များကို စစ်ဆေးကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက် ထုတ်လုပ်နိုင်ရေးနည်းလမ်းမျိုးစုံ ဖြင့် အလေးထားဆောင်ရွက်သွား ရန် မှာကြားခဲ့ကြောင်း သိရ သည်။
ညောင်တုန်း - မအူပင် ရေနံ မြေတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ များ ထုတ်လုပ်လျက်ရှိပြီး အဆိုပါ ဒေသမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်း တကာ)၊ အမှတ် (၅) ဓာတ်မြေ ဩဇာစက်ရုံ (ကန်ကြီးထောင့်)၊ ရန်ကုန်ဧရိယာရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍ အတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် များနှင့် စက်ရုံအလုပ်ရုံများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်