
နေပြည်တော် ဧပြီ ၁၉
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်တွင် ဒေသတွင်းစားရေ ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့ များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်နှင့် ယနေ့တို့တွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက ပုသိမ်မြို့ရှိ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ၌ ဟင်းသီးဟင်းရွက် မျိုးစုံ၊ မြေအစားထိုး ဓာတုကင်း လွတ် ဟင်းသီးဟင်းရွက်နှင့် တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိ မှု၊ ဥစားကြက်နှင့် DYL ဝက် မွေးမြူထားရှိမှုများနှင့် တိုင်းဧရာ အစာစပ်စက်ရုံမှ အစာထုတ်လုပ် နေမှုများကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက တောင်ကုတ် တပ်နယ်နှင့် သံတွဲတပ်နယ်တို့ ရှိ စိုက်ပျိုးမွေးမြူရေးခြံများ၌ ဥစားကြက်၊ DYL ဝက်၊ အသားစား နွားနှင့် ဥစားဘဲ မွေးမြူထားရှိမှုနှင့် တစ်ပိုင်တစ်နိုင် ရာသီသီးနှံစိုက်ပျိုး ထားရှိမှုတို့ကို လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင် ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်