ဒေသထွက်ကုန်တွေကို လွယ်ကူလျင်မြန် ဈေးနှုန်းသက်သာစွာနဲ့ သယ်ယူနိုင်တယ်။ အရောင်းအဝယ် ပိုအဆင်ပြေလာလို့ ရထားလမ်းဖွင့်လှစ်ပြေးဆွဲပေးတာ ကျေးဇူးတင်ပါတယ်။

 

ဦးခွန်ခင်အောင်

တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ  တောင်ကြီး- ဘန်းယဉ်ခရီးစဉ် အမှတ် (၁၅၃)  အဆန်၊ အမှတ် (၁၅၄) အစုန်ရထားကို စက်တင်ဘာ ၁  ရက်က ပြန်လည်ပြေးဆွဲခဲ့သည်။ အဆိုပါ ခရီးစဉ် ပြန်လည် ပြေးဆွဲမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်  - 


ဦးဘုန်းမြင့်ဆွေ 
ဒုရုံပိုင်မှူး 
မေး    ။     ။     ရထားပြန်လည်ပြေးဆွဲပေးတဲ့   အခြေ အနေနဲ့ပတ်သက်လို့ ပြောပြပေးစေလိုပါတယ်။ 
ဖြေ    ။     ။    ဒီရထားလမ်းကို ကိုဗစ်ကာလမှာ ယာယီ ရပ်နားထားပြီးတော့   ၁-၉-၂၀၂၂   ရက်နေ့မှာ လမ်းပိုင်းကို အဆင့်မြှင့်တင်ပြီး ပြန်လည်ပြေးဆွဲ ခဲ့တာဖြစ်ပါတယ်။ ရထားပြေးဆွဲတဲ့ မိုင်နှုန်းအကွာ အဝေးကတော့ ဘန်းယဉ်ဘူတာကနေ  တောင်ကြီး ဘူတာအထိ ၃၃ ဒသမ ၇၅ မိုင်ရှိပါတယ်။  ရထား စီးခ  လက်မှတ်အနေနဲ့တော့ ဘန်းယဉ်-နောင်အယ် ကို ငွေကျပ် ၁၀၀၊ ဘန်းယဉ်-ကက္ကူကို ငွေကျပ် ၇၀၀၊ ဘန်းယဉ်- ဟမ်းဆီးကို  ငွေကျပ် ၁၁၀၀ ၊  ဘန်းယဉ်-နောင်ကားကို ငွေကျပ် ၁၆၀၀၊ ဘန်းယဉ်- ဖာမွန်း  ငွေကျပ် ၂၀၀၀၊ ဘန်းယဉ်-တောင်ကြီးကို ငွေကျပ်  ၂၅၀၀ ဖြစ်ပါတယ်။ 
ဒေသခံပြည်သူတွေ    တောင်းဆိုချက်အရ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ်အမှတ်(၁၅၃)အဆန်နဲ့ အမှတ် (၁၅၄)   အစုန်ရထားကို   ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ဘန်းယဉ်ဘူတာကနေပြီးတော့ အစုန် (၁၅၄)ကို နံနက် ၅ နာရီ စထွက်ပြီး တောင်ကြီးကို နံနက်  ၈  နာရီ  ဆိုက်ရောက်ပါတယ်။   ယခင်က တွဲဆိုင်းအဟောင်းနဲ့ ပြေးဆွဲခဲ့ပေမယ့် ယခုမှာတော့ ပြည်သူတွေအတွက် ပိုမိုအဆင်ပြေစေဖို့ တွဲဆိုင်း အသစ်တွေနဲ့ ပြန်လည်စတင်ပြေးဆွဲပေးခဲ့ပါတယ်။ ဆီဆိုင် - တောင်ကြီးသွားရင်    ကားခငွေကျပ် ၅၀၀၀  ပေးရပြီး ရထားနဲ့သွားမယ်ဆိုရင် ငွေကျပ်  ၂၅၀၀ သာဖြစ်လို့ ကုန်ကျစရိတ် တစ်ဝက်သက်သာ စေပါတယ်။
ဦးခွန်ခင်အောင်
ကျောင်းချယ်ကျေးရွာ
ဘန့်ဗွီးကျေးရွာအုပ်စု၊ 
ဆီဆိုင်မြို့နယ် 
မေး    ။    ။    ရထားလမ်း   ပြန်လည်ပြေးဆွဲပေးတဲ့ အပေါ်မှာ   ဒေသခံပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ    ။      ။    အခုလို   ရထားပြန်လည်ပြေးဆွဲပေးတဲ့ အတွက်    ကျွန်တော်တို့    ပြည်သူတွေအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကြီးဈေးနေ့ရောက်တိုင်း     ကျွန်တော်တို့ ဈေးသည်တွေ၊ ကုန်သည်တွေ တောင်ကြီးဈေးကို သွားရောင်းကြတယ်။ ကျွန်တော်တို့ ဒေသထွက်ကုန် ဖြစ်တဲ့ ပြောင်း၊ နာနတ်၊ ထောပတ်၊ မြေပဲ၊ ကြက်သွန် စတဲ့     စိုက်ပျိုးသီးနှံကို   လွယ်ကူလျင်မြန်စွာနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ သယ်ယူပို့ချနိုင်တယ်။
နောက်ပြီး ကျွန်တော်တို့ ခရီးသွားပြည်သူအနေ နဲ့လည်း ကက္ကူဘုရားနဲ့  တောင်ကြီးမှာရှိတဲ့ အထင် ကရဘုရားတွေကို သွားရောက်ဖူးမြော်နိုင်တယ်။ ဒီရထားလမ်း  ပိတ်ထားတာက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးနောက်   တစ်နှစ်ခွဲလောက်ရှိပြီ။   အခုလို ပြန်လည်ပြေးဆွဲပေးတဲ့အတွက်  ဒေသထွက်ကုန် ရောင်းဝယ်ရာမှာ သယ်ယူစရိတ်ကုန်ကျမှုသက်သာ ပြီး    အရောင်းအဝယ်ပိုပြီး    အဆင်ပြေလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့  ရထားလမ်း အခုလို  ပြန်လည်ဖွင့်လှစ်ပြီး ပြေးဆွဲပေးတဲ့အတွက် တာဝန် ရှိသူတွေကို အထူးပဲ ကျေဇူးတင်ရှိပါတယ်။
ဒေါ်နန်းခမ်းဖြူ 
ဒေသထွက်ကုန်နှင့် ငှက်ပျောသီးရောင်းချသူ  
ဟမ်းဆီးတောင်ရွာ
ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ်
အရင်က ဒေသထွက်သီးနှံတွေကို အသွားအပြန် ရထားနဲ့   လာရောင်းချလို့ရတဲ့အတွက်  ဈေးနှုန်း သက်သာခဲ့ပါတယ်။  ကိုဗစ်ကာလမှာ  ရထားတွေ ရပ်နားထားလို့    ကားနဲ့လာရောင်းရတော့    ကုန် ဈေးနှုန်း၊ ကားခဈေးကြီးမှုနဲ့ ကြုံတွေ့ရပါတယ်။  အခုလို  ရထားလမ်းပိုင်း  ပြန်လည်ပြေးဆွဲပေးတဲ့ အတွက်   ဈေးနှုန်းသက်သာစွာနဲ့    ရောင်းဝယ် ဖောက်ကားမှုလွယ်ကူတာမို့        ရထားလမ်းကို ရာသက်ပန်ပြေးဆွဲပေးစေလိုပါတယ်။    ပြေးဆွဲပေး တဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
ကိုဇာနည်
ဒေသထွက်ကုန်နှင့် ဘုရားပန်းရောင်းချသူ 
ကက္ကူကျေးရွာ
ကျောက်တလုံးကြီးမြို့
တောင်ကြီးမြို့နယ်
 အခုလို ရထားလမ်း ပြန်လည်ပြေးဆွဲပေးတဲ့ အတွက် ဒေသထွက်ကုန်ပစ္စည်းတွေ  တင်ဆောင် ရလွယ်ကူပြီး   အကျိုးအမြတ်ပိုမိုရရှိတဲ့အတွက် စားဝတ်နေရေး ပိုအဆင်ပြေပါတယ်။  ဒေသထွက် ကုန်ပစ္စည်းတွေကို   နေ့စဉ်ရထားနဲ့   လာရောက် ပို့ဆောင်ရောင်းချရတဲ့အတွက် အဆင်ပြေပါတာမို့ ကျေးဇူးတင်ပါတယ်။ 
မနွယ်နီဝင်း  
ခရီးသည် 
ဖာမွန်းကျေးရွာ၊ တောင်ကြီးမြို့နယ်
ဖာမွန်းကနေ   တောင်ကြီးကို     ဆိုင်ကယ်နဲ့ လာရောက်လည်ပတ်ရတော့     သွားလာစရိတ် ကြီးမြင့်တဲ့အတွက် အဆင်မပြေဘူး။  အခု ရထားနဲ့  ဖာမွန်းကနေ တောင်ကြီးကို  လာရောက်လည်ပတ် ရတဲ့အခါ အချိန်ပိုရပြီး အဆင်ပြေပါတယ်။ ဝမ်းသာ ကျေနပ်ပါတယ်။ 
ခွန်တင်အောင်ဝင်း
ဒေသထွက်ပစ္စည်း ရောင်းချသူ
ဟမ်းဆီးကျေးရွာ 
ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ် 
ဒေသထွက်ကုန်တွေကို  အရင်က   ဆိုင်ကယ်နဲ့  လာရောင်းချရတော့ အဆင်မပြေဘူး။ အခု ရထားနဲ့ သယ်ဆောင်ရောင်းချရတာ အဆင်ပြေပါတယ်။ ကုန်ကျစရိတ်သက်သာတော့ အမြတ်ငွေ ပိုမိုရရှိပါ တယ်။  အခုလို  ရထားလမ်းပြန်လည်ပြေးဆွဲပေး တဲ့အတွက် အလွန်အဆင်ပြေပါတယ်။ 
မနန်းနွယ်နွယ်ဝင်း 
ဟမ်းဆီးကျေးရွာနေ ဈေးရောင်းဈေးဝယ်သူ  
ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ် 
အရင်တုန်းက တောင်ကြီးဈေးမှာ ရောင်းဖို့  ဈေးပတ်ကားနဲ့  လာရတော့ အသွား-အပြန် ကုန်ကျ စရိတ်ကြီးမြင့်တယ်။  အခု  တောင်ကြီးနဲ့  ဟမ်းဆီး ကို   ရထားနဲ့   လာရောင်းချရတာမို့  ကုန်ကျစရိတ် သက်သာပါတယ်။  ရထားနဲ့   လာရတဲ့အတွက်  အမြတ်ငွေပိုကျန်တယ်။  အခုလို  ရထားပြန်လည် ပြေးဆွဲပေးတဲ့အတွက် ဝမ်းသာပါတယ်။ အရင်က  မော်တော်ယာဉ်နဲ့   သွားရတော့    ကားခဈေးနှုန်း ကြီးမြင့်ပြီး စားဝတ်နေရေး  ခက်ခဲပါတယ်။  အခု   ရထားနဲ့ဆိုတော့  လာရောင်းချရတာ အချိန်ပိုရပြီး အမြတ်ငွေပိုကျန်တဲ့အတွက်        ရထားယခုလို ပြန်လည်ပြေးဆွဲပေးတာကို  ကျေးဇူးတင်ပါတယ်။ 


တွေ့ဆုံမေးမြန်း - မောင်မောင်သန်း(တောင်ကြီး)
ဆီဆိုင်(ပြန်/ဆက်)