
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ
နေပြည်တော် မတ် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ပင်းတယမြို့သို့ ရောက်ရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်းနှင့် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများ တက်ရောက်ကြသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီးတက်ရောက်လာကြသည့် “ချယ်ရီ တောင်တန်း” လက်ဖက်စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမအသင်းမှ ဦးဘစီ၊ “ရွှေတက်လမ်း” အာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊ “အမေ့အိမ်” စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်း ရှင် ဒေါ်ဟန်နီကို ၊ “ဓနုညီနောင်” ကော်ဖီထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးအောင်သန်း၊ “ရွှေတောင်တန်း” ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင်နှင့် “Holiday” ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်း နွယ်စိုးတို့က ဒေသထွက်မိရိုးဖလာ စားသောက်ကုန် များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချလျက်ရှိမှုနှင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများ က အာလူးစိုက်တောင်သူများအတွက် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သုတေသနလုပ်ငန်းများတွင် တောင်သူလယ်သမား များ ပူးပေါင်းပါဝင်လာနိုင်ရန် လိုအပ်မှု၊ ဝန်ကြီးဌာန များအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးမှု၊ လုပ်ငန်းအတွက် ချေးငွေရယူလို မှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက် နိုင်မှု၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြင့်မားစေ ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များ စုဖွဲ့၍ လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမှု၊ သွင်းအားစုရရှိရေးအတွက် လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီး ဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဗဟိုလုပ်ငန်းကော်မတီ၌ ဝန်ကြီးဌာနများ အားလုံးမှ MSME လုပ်ငန်းနှင့်ပတ်သက်၍ ရရှိနိုင် မည့် သင်တန်းအမျိုးအစားများအလိုက် စုစည်း၍ Website ၌ တင်ထားမှုနှင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် အခြေအနေများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ အားပေးဆောင်ရွက်လျက် ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကား ပြောကြားရာတွင် “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” သို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ MSME လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ခြင်းဖြစ်ကြောင်း၊ ပထမဦးစွာ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာလည်း ဒေသ အတွင်း တည်ငြိမ်အေးချမ်းခြင်းနှင့် တရားဥပဒေ စိုးမိုးခြင်းတို့ကလည်း မရှိမဖြစ် လိုအပ်သဖြင့် အဆိုပါ လိုအပ်ချက်ကို ဒေသခံပြည်သူများကပင် သက်ဆိုင် ရာ လုံခြုံရေးအဖွဲ့များနှင့်ရှိပြီး တည်ငြိမ်အေးချမ်းမှု ကို ဆက်လက်ထိန်းသိမ်းရန်လိုပါကြောင်း၊ သို့မှသာ စီးပွားရေးလုပ်ငန်းများအား စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ပြီး ထုတ်ကုန်များမှာလည်း တိုးတက် ထုတ်လုပ်နိုင်ခြင်း၊ ဈေးကွက်ပိုမိုရရှိနိုင်ခြင်း အပါ အဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် ဒေသခံများ ကိုယ်တိုင် ဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းများ ကို တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရဌာနဆိုင်ရာများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့သော် ဒေသခံ ပြည်သူများကိုယ်တိုင် ကြိုးစားလုပ်ကိုင်မှုကသာလျှင် မိမိဒေသဖွံ့ဖြိုးမှုကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း။
ဆက်လက်၍ MSME ၏ အခြေခံအချက်သည် အဓိကဒေသထွက်ကုန်ကြမ်းကို အသုံးပြု၍ အဆင့် မြင့်အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် နည်းပညာ၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်တို့လည်း လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်သည် စီးပွားရေးလုပ်ငန်းများ အားလုံးအတွက် အရေးကြီးကြောင်း၊ ယနေ့စိုက်ပျိုး ရေး မွေးမြူရေးကဏ္ဍအားလုံးတွင် စက်ကိရိယာနှင့် နည်းပညာများပေါ်တွင် မူတည်နေသဖြင့် သက်ဆိုင် ရာ လုပ်ငန်းနယ်ပယ်အလိုက် ပညာတတ်မြောက်ရန် လိုကြောင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်တွင် လုပ်ငန်းကျွမ်းကျင်သည့် လုပ်သား များအပေါ်မူတည်၍ ဈေးကွက်ရရှိမှု ကွာခြားနိုင် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လုပ်ငန်းအဆင့်တိုင်းအတွက် လျော်ညီသည့် ပညာ တတ်မြောက်မှုရှိစေရန် ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းနေစေရေးနှင့် ပညာသင်ကြားရာတွင် လည်း ကျောင်းနေသူတိုင်း KG+9 အနည်းဆုံး တတ်မြောက်အောင်မြင်ရမည်ဟု ပညာရေးနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ နိုင်ငံ တော်အစိုးရအဆက်ဆက်ကလည်း ပညာရေးနှင့် ပတ်သက်၍ လူတိုင်းစာတတ်မြောက်ရေး စီမံကိန်း များ အမျိုးမျိုး ချမှတ်အကောင်အထည်ဖော်ခဲ့ပါ ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၁ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင် ယူချိန်မှစ၍ တပ်မတော်တွင် စစ်သည် အဆင့်အတန်းအားလုံး အနည်းဆုံး မူလတန်းအဆင့်၊ ၎င်းမှ အလယ်တန်းအဆင့် အောင်မြင်ရမည်ဟူသော မူဝါဒ ချမှတ်၍ နှစ်စဉ်အလေးထားဆောင်ရွက်နေကြောင်း၊ သို့မှသာ တပ်မတော်တွင် ယနေ့အသုံးပြု နေသည့် ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာများကို အခြေခံပညာအလယ်တန်းအဆင့် အနည်းဆုံး အောင်မြင်ပြီးသူမှသာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ခေတ္တရယူထိန်းသိမ်း စဉ်ကပင်စ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေသူတိုင်း အနည်းဆုံး KG+9 အောင်မြင်ရေးမူ ချမှတ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး KG+9 အောင်မြင်မှသာလျှင် အထက်တန်းအဆင့်မှ အဆင့် မြင့်ပညာရေးသို့လည်းကောင်း၊ တစ်ဖက်တွင် လည်း Vocational Training မှတစ်ဆင့် လုပ်ငန်းခွင် များသို့ လက်တွေ့လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း။
ရန်ပုံငွေမှ ထုတ်ချေးပေး
ထို့ပြင် MSME လုပ်ငန်းများတွင် အရင်းအနှီး သည်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ဒေသအခြေအနေပေါ်မူတည်၍ SME လုပ်ငန်းများအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များက ရန်ပုံငွေမှ ထုတ်ချေးပေးခဲ့ကြောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူပေါင်း ၂၈၂၂ ဦး တို့အား ငွေကျပ် ၆ ဘီလီယံကျော် ထုတ်ချေးပေးထား သည်ကို တွေ့ရကြောင်း၊ မိမိတို့ အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ငွေကျပ် ၅ ဘီလီယံကို ဒေသခံတိုင်းရင်းသား လုပ်ငန်း ရှင်များအတွက် အရင်းမပျောက်မတည်ငွေများအဖြစ် ထုတ်ပေးထားပါကြောင်း၊ လုပ်နိုင်စွမ်းရှိသူ အမှန် တကယ်လိုအပ်သော လုပ်ငန်းရှင်များလက်သို့ မှန်မှန်ကန်ကန်ရောက်ရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထိုသို့ မဟုတ်ပါက ဝန်ထုပ်ဝန်ပိုးဖြစ်စေ ၍ လုပ်ငန်းရှင်အား အကြွေးနွံအတွင်းသို့ ရောက်ရှိစေ မည်ဖြစ်ကြောင်း၊ ချေးငွေများကိုလည်း သတ်မှတ် ကာလအတွင်း တာဝန်ကျေ ပြန်လည်ပေးဆပ်ရန် လိုကြောင်း၊ ယနေ့ငွေချေးရန် တင်ပြလာသည့် လုပ်ငန်းရှင်များကလည်း ချေးငွေရရှိခြင်းဖြင့် ရရှိ လာမည့် အကျိုးရလဒ်၊ ပြန်လည်ပေးဆပ်ရန် ကာလနှင့် အလုပ်အောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရေးဆွဲ၍ သက်ဆိုင်ရာ ဒေသအဆင့် အစိုးရအဖွဲ့အား တင်ပြကြရန်လိုပါ ကြောင်း။
အရည်အသွေးများစွာ ကွာခြားနိုင်
သွင်းအားစုနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုလက်မှုလုပ်ငန်းများ စသောလုပ်ငန်းအမျိုး အစားအရ ဓာတ်မြေဩဇာ၊ ရေ၊ လောင်စာဆီ၊ လျှပ်စစ် စသဖြင့်ရှိကြောင်း၊ နည်းပညာအနေဖြင့် စီးပွားရေးဖြစ်ထွန်းအောင်မြင်ရေးအတွက် အဓိက ကျသော စပါးစိုက်ပျိုးရေးတွင် မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုးရေး နည်းစနစ်ကောင်းမှု၊ စပါးမှ ဆန်အဖြစ် အဆင့်မီကြိတ်ခွဲမှု စသည့်လုပ်ငန်း အဆင့်ဆင့်တို့သည် နည်းပညာပေါ်တွင် မူတည်၍ ထွက်ရှိမှုနှင့် အရည်အသွေးများစွာ ကွာခြားနိုင် ကြောင်း။
ဆန်ဖူလုံသော ဒေသတစ်ခုဖြစ်
အလားတူ မွေးမြူရေးလုပ်ငန်းနှင့် အခြား လုပ်ငန်းများတွင်လည်း နည်းပညာသည် မရှိမဖြစ် လိုအပ်ကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ MSME နှင့် ဆက်စပ်သော ဝန်ကြီးဌာနများဖြစ်သည့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများရှိ Website တို့တွင် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖော်ပြထားပါ ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆန်ဖူလုံသောဒေသတစ်ခုဖြစ်သည်ဟု သိရှိရ ကြောင်း၊ သို့သော် ထွက်ရှိသောစပါးသည် အရည် အသွေးမြင့်မားနေရန်လိုကြောင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များတွင် အရည်အသွေး အပေါ် မူတည်၍ ဈေးနှုန်း ၂ ဆမှ ၃ ဆအထိ ကွာခြားမှုရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့်လည်း ဒေသအတွက် ဖူလုံသောအခြေအနေတွင်ရှိ၍ ခေတ်နှင့်လျော်ညီ သော အေးခဲအသားအဖြစ် အဆင့်မီတိုးမြှင့် ထုတ်လုပ်နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်လုပ်နိုင်ရန်မှာ ခေတ်မီနည်းပညာရှိမှ သာ ဖြစ်နိုင်ကြောင်း။
ပင်းတယဒေသသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်း အတွက် အထင်ကရနေရာတစ်ခုဖြစ်၍ ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ဒေသတစ်ခု ဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများဟု တင်စားခေါ်ဝေါ်သော ပြည်တွင်း/ ပြည်ပ ငွေရှာဖွေ ပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထုတ်ကုန်များကိုလည်း ရိုးရာမပျက် တိုးမြှင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြည်ပခရီးသွားများ စိတ်ဝင်စားကာ လာရောက်လည်ပတ်သည့် ဒေသဖြစ်၍ ရိုးရာထွက် ကုန်ပစ္စည်းများကို တရားဝင်မှတ်ပုံတင်၍ စနစ် တကျ ထုတ်လုပ်ရန်လိုကြောင်း၊ ယခုအခါ ပို့ကုန် နှင့် သွင်းအားစုမျှတစွာ ဆောင်ရွက်ခြင်း၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုများကို အားပေး ခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေးအသင့် အတင့် ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍မရဘဲ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက လက်ခံရယူ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက် ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာ လက်မှုထုတ်ကုန်များ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်၍ လိုဏ်ဂူတော်အတွင်းရှိ ဘုရား၊ စေတီများအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ ၍ ပင်းတယမြို့ရှိ စေတီကြီးကျောင်းတိုက်သို့ သွားရောက်ကာ ဒေါက်တာ ဘဒ္ဒန္တ ခေမာဉာဏ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို ပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များအား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာကိစ္စရပ် များ တင်ပြလျှောက်ထားကြပြီး ဆုံးမဩဝါဒများ နာယူခဲ့ကြကြောင်းနှင့် အဆိုပါ စာသင်တိုက်တွင် စာချဆရာတော်ကြီး ၁၆ ပါး၊ စာသင်သားကိုရင် အပါး ၁၀၀ ခန့် သီတင်းသုံးလျက် ပရိယတ္တိသာသနာ ဆိုင်ရာများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်