ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်း၌ တရားမဝင်ဆေးကုသသူများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၃ 
တည်ငြိမ်အေးချမ်းရေးနှင့်    ငြိမ်းချမ်းရေးကို   လိုလားသော  ဒေသခံပြည်သူတို့၏  သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား (ခ) ရပ်ကွက် ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်း၌ အကြမ်းဖက်အဖွဲ့အစည်းမှ ဒဏ်ရာရသူများ၊ ကျန်းမာရေးမကောင်းသူများအား တရားမဝင်ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာ ရေးဌာနမှ  တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာလ   ၂၂   ရက်   နံနက် ၉ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့သည်။
တရားမဝင်ဆေးခန်းတစ်ခု တွေ့ရှိ
ထိုသို့စစ်ဆေးရာ ခရစ်တော် ဘုရင်    ဗဟိုဘုရားရှိခိုးကျောင်း အတွင်း ဂရုဏာဆေးခန်းအမည် ဖြင့်   တရားမဝင်ဆေးခန်း  တစ်ခု ကို   တွေ့ရှိခဲ့သည်။      အဆိုပါ ဆေးခန်း၌ ဖာသာချဲလ်ဆိုဘရွှေ၊  လွိုင်ကော်ကက်သလစ် သာသနာ ခေတ္တဂိုဏ်းအုပ်     အပါအဝင် ဖာသာ  ၁၃  ဦး၊   စစ္စတာ ၁၃ ဦး တို့အား    တွေ့ရှိရသည့်အပြင် တရားမဝင်     ဆေးကုသပေးနေ သည့် ဆရာဝန် လေးဦး၊ သူနာပြု လေးဦး၊  သူနာပြုအကူ  ၁၀ ဦး စုစုပေါင်း ၁၈ ဦးတို့အား  တရား မဝင် ခွဲစိတ်ခန်း တစ်ခု၊ တရားမဝင် ဆေးကုသလူနာ အမျိုးသား ၂၀၊ အမျိုးသမီး   ၂၁   ဦးနှင့်   ကိုဗစ် လူနာ အမျိုးသား လေးဦး၊ အမျိုး သမီး    သုံးဦး   စုစုပေါင်းလူနာ ၄၈  ဦးနှင့်အတူ  စစ်ဆေးတွေ့ရှိ ရသည်။ ၎င်းအပြင် ဘုရားကျောင်း ဝင်းအတွင်း ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး အပါအဝင် ယာဉ်မျိုးစုံ  ၁၄ စီးတို့ ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ပဏာမစစ်ဆေးချက်
စစ်ဆေး           တွေ့ရှိရသည့် ဆရာဝန်၊       သူနာပြုများအား ပဏာမစစ်ဆေးချက်အရ ၎င်းတို့ အနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လတွင်     CDM    ပြုလုပ်ခဲ့သော မြို့နယ်ကုသရေး    ဦးစီးဌာနမှ ဆရာဝန် နှစ်ဦး၊ လွိုင်ကော်ပြည်သူ့ ဆေးရုံမှ       သူနာပြု     လေးဦး၊ CDM  ပြုလုပ်ခြင်း      မရှိဘဲ    အခကြေးငွေရယူ၍     တရားမဝင် အချိန်ပိုင်း သွားရောက်လုပ်ကိုင်သူ လွိုင်ကော်     ပြည်သူ့ဆေးရုံမှ   သူနာပြုအကူ ၁၀  ဦး     ပါဝင် ကြောင်း၊    CDM ပြုလုပ်ခဲ့သည့် ဆရာဝန်များနှင့်   သူနာပြုများမှာ မတ်လတွင်  ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်း   ခံရသူများ ဖြစ်ပြီး    ထွက်ပြေးတိမ်းရှောင် လျက်ရှိသူများ       ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်    ဥပဒေ အရ     ထိရောက်စွာ    အရေးယူနိုင် ရေး      ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့်      တရား မဝင်  ဆေးကုသမှုခံယူနေသော   လူနာ ၄၈ ဦးအား မွန်းလွဲ ၁ နာရီ ခန့်တွင်        လွိုင်ကော်မြို့ရှိ  ပြည်သူ့ဆေးရုံသို့    စနစ်တကျ   လွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှု ပေးလျက်ရှိကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်