
နေပြည်တော် ဩဂုတ် ၂၅
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည် ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေ များရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ခရမ်းချဉ်သီး စသည့်ရာသီ သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်