ဒေသခံပြည်သူများအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်


 

နေပြည်တော်   ဩဂုတ်     ၂၃

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော် နှင့်   စေတနာရှင်အလှူရှင်များက   စားသောက်ဖွယ်ရာများ၊   ထောက်ပံ့ငွေများနှင့်   ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာ (ဝဲပုံ) နှင့် ငပြေမကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အိမ်သုံးဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး  မိုးကုတ်မြို့ နယ် စိန်ကုန်းကျေးရွာရှိ ပြည်သူ အိမ်ထောင်စု ၈၄ စုတို့အတွက် ဆန်နှင့် Mask များကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။  
                      သတင်းစဉ်