ရန်ကုန် သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ရှိ သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို သြဂုတ် ၂၅ ရက်က ရွှေယမုံခန်းမ၌ ပြုလုပ် သည်။
အမြတ်များထုတ်ပေး
အစည်းအဝေးတွင် သဘာ ပတိအဖြစ် အသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးသမ ဝါယမဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးက သမဝါယမဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ အသင်းအမှုဆောင် အဖွဲ့၏ အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် သဘာပတိ၏ အတည်ပြုချက်များ ရယူခြင်း တို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်အတွက် သမဝါယမ အသင်းဝင် အသင်းသားများအား အစုပေါ်အမြတ်များကို တာဝန်ရှိ သူများက ထုတ်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ
(ပြန်/ဆက်)