ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ကျန်ရှိသည့်ပြစ်ဒဏ်အချို့ လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊   ၄၈   / ၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း   ၁၅    ရက်
(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ   ၁  ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာတရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနက်  ရာဇဝတ်မှုကြီးအမှတ်၊  ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီး  အမှတ်၊ ၄၅/၂၀၂၁  တို့ဖြင့်   ပြစ်မှုထင်ရှားစီရင်ပြီး   ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  လွတ်ငြိမ်းသက်သာခွင့်ပြုလိုက် သည်။

                          အမိန့်အရ
                          အောင်လင်းဒွေး
                          ဒုတိယဗိုလ်ချုပ်ကြီး
                         အတွင်းရေးမှူး