
နေပြည်တော် စက်တင်ဘာ ၁၅
(၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရဲအရာရှိလေ့ကျင့်ရေးကျောင်း မှ အရာရှိ၊အခြားအဆင့် ရဲတပ်ဖွဲ့ဝင်အင်အား ၄၄ ဦး သည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ရဲတပ်ဖွဲ့ဝင်များ သွေးလှူဒါန်းနေစဉ် တပ်မတော် ဆေးရုံ တပ်မှူးနှင့် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးတို့က လှည့်လည်ကြည့်ရှုအားပေး ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြစ်ဖွယ် အစားအသောက်နှင့် ဆေးဝါးများ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်