
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ၊
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော
ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး စတုတ္ထနေ့တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော် လမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာ လင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း ယနေ့နံနက်ပိုင်း က အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန ဧည့်ခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံ သည်။ ထိုသို့တွေ့ဆုံရာတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက် များ အကောင်အထည်ဖော်ဆောင်ရွက်နိုင် မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက် များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို ဌာန အစည်းအဝေးခန်းမ၌ စတုတ္ထနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်း ရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုး သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်၊ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ် ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုတိယ ဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော် လမွန်၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြ ရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက် ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ၄ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက် သဘောထားများကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီ ချက်များကို အတည်ပြုလက်မှတ်ရေးထိုး ကြသည်။
ယင်းနောက် တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ နိုင်ငံအကျိုးသယ်ပိုး ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်၊ တပ် ပေါင်းစုနိုင်ငံရေးစာအုပ်၊ MRTV DTH Receiver ၊ ၂ ပေစလောင်းနှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်