
ကူမင်း ဩဂုတ် ၁၇
စတုတ္ထအကြိမ်မြောက် မဲခေါင် - လန်ချန်း ရုပ်သံ သီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲ (4th Lancang-Mekong Audiovisual week Roundtable Confer-ence) ကို ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ယူနန်မီဒီယာ/ရုပ်သံလွှင့်ဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မဲခေါင်ဒေသတွင်းနိုင်ငံများ အပြင် တောင်အာရှနိုင်ငံများမှ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ရုပ်သံဌာန အကြီးအကဲများနှင့် မီဒီယာအဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နိုင်ငံ အလိုက် ရုပ်သံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည် အသွေးကောင်းမွန်သော အစီအစဉ်များ အဆင့် မြှင့်တင်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှ စျေးကွက်သို့ ထိုးဖောက်ဖြန့်ချိနိုင်ရေး၊ အနာဂတ် ကာလများတွင် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်သံပူးပေါင်းထုတ်လုပ် ပြီး အပြန်အလှန်ထုတ်လွှင့်ပြသရေး၊ ဘာသာပြန်ဆို ခြင်း၊ မူပိုင်ခွင့်အလေးထားခြင်းစသည်ဖြင့် အမြင် ချင်း ဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မဲခေါင်ဒေသတွင်း ၌ လူမှုရေးနှင့်ယဉ်ကျေးမှု ဆက်နွှယ်တူညီမှုများ၊ မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် သာယာလှပ မှုများ၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှုများ၊ နိုင်ငံတကာမီဒီယာများ လာရောက်ရိုက်ကူး နိုင်ရန် ဖိတ်ခေါ်ပြီး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို Video File နှင့်အတူ ဆွေးနွေး ခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် မဲခေါင်ဒေသတွင်း နိုင်ငံ များမှ မီဒီယာများ ပူးပေါင်းဆောင်ရွက်ကြမည့် Mekong Look App တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
သတင်းစဉ်