စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

နေပြည်တော်  နိုဝင်ဘာ  ၂၂


စတုတ္ထအကြိမ်မြောက်     ကမ္ဘာ့ မီဒီယာထိပ်သီးဆွေးနွေးပွဲ  (4th World Media Summit)    ကို  “Media Growth Strategy under the  Impact  of  COVID-19” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ  ကမ္ဘာ့ရုပ်သံသတင်းမီဒီယာ နယ်ပယ်မှ ထိပ်ပိုင်းခေါင်းဆောင် ၂၄၀ ခန့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက် ရေးကျွမ်းကျင်ပညာရှင် ၄၀ ခန့် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ  ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်     ဦးဆောင် သော  ကိုယ်စားလှယ်အဖွဲ့   ပါဝင် တက်ရောက်ကြသည်။


အဆိုပါဆွေးနွေးပွဲတွင် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး      အတွက် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ် တီထွင်မှုနှင့် ပိုမိုကောင်းမွန်သည့် သဘောထားအမြင်များ(Media Development: New Technology, Better Vision )၊     မီဒီယာ ဈေးကွက်တွင်       မိတ်ဖက်အဖွဲ့ အစည်းသစ်များနှင့်   ဈေးကွက် သစ်များ   (Media Marketing: New Partners, New Markets)၊ သိပ္ပံနှင့်နည်းပညာ     ပူးပေါင်း ဆောင်ရွက်မှု၏ အနှစ်သာရဖြစ် သော ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး  အခြေအနေတွင် မီဒီယာအရေးပါမှု (In the Spirit of Science and Cooperation: Media Response in Public Health Emergencies)၊  ပြည်သူ လူထုအတွင်း မီဒီယာ၏ ပေါင်းကူး ဆက်သွယ်မှု(Media: A Bridge Among Civilizations)၊ ကမ္ဘာလုံး ဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှုအတွင်း မီဒီယာ၏အခန်းကဏ္ဍ  (Media’s Role in Global Development) အကြောင်းအရာများကို ဆွေးနွေး ကြသည်။
ညနေပိုင်းတွင် World Media Summit Global Awards for Excellence    အခမ်းအနားကို အွန်လိုင်းဖြင့် ဆက်လက်ကျင်းပ ပြီး Winter Sports Photo ဆုရရှိ သူစာရင်းအား ထုတ်ပြန်ကြေညာ သည်။ 


စီစဉ်ကျင်းပ


ပထမအကြိမ်    ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို     ၂၀၀၉ ခုနှစ်     အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ       တရုတ်နိုင်ငံ ပေကျင်းမြို့တွင်  လည်းကောင်း၊  ဒုတိယအကြိမ်   ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ ရုရှားနိုင်ငံ  မော်စကို မြို့တွင်လည်းကောင်း၊  တတိယ အကြိမ် ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်မှ ၂၁ ရက်အထိ  ကာတာနိုင်ငံ     ဒိုဟာမြို့တွင် လည်းကောင်း  ကျင်းပခဲ့ရာမှ ယခု စတုတ္ထအကြိမ် ထိပ်သီးဆွေးနွေး ပွဲကို   ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဆင်ဟွာသတင်း အေဂျင်စီ (Xinhua)မှ ဦးဆောင်၍ ကမ္ဘာကျော် မီဒီယာအဖွဲ့အစည်း များ  ဖြစ်ကြသည့်  အေပီသတင်း ဌာန     (Associated    Press)၊    ရိုက်တာ (Reuters)၊ ရုရှားသတင်း အေဂျင်စီ (TASS Russian News Agency)၊    ကျိုဒိုသတင်းဌာန (Kyodo News)၊  ဘီဘီစီသတင်း ဌာန (BBC)နှင့် Google တို့ အပါ အဝင်  ကမ္ဘာလုံးဆိုင်ရာ  မီဒီယာ အဖွဲ့အစည်းကိုးခုတို့နှင့်ပူးပေါင်း ပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 
                 

  သတင်းစဉ်