
နေပြည်တော် ဇွန် ၂
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ ၏အနာဂတ်ဖြစ်သည့် မျိုးဆက် သစ်ရင်သွေးငယ်များ၏ ပညာရေး ကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှု အခွင့် အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန် အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
သို့ရာတွင် CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ် လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာ ရိုင်းစိုင်းသော ရည်ရွယ်ချက် များဖြင့် အကြမ်းဖက်မှုလုပ်ငန်း များကို နည်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက် သမားများက တီးတိန်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)(မြို့မ)တွင် အေးချမ်း စွာ ပညာသင်ကြားလျက်ရှိသော ကလေးသူငယ်များ အထိတ် တလန့်ဖြစ်စေရန် ကျောင်းဝင် ပေါက်အနီး၌ လက်လုပ်ရီမုမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်း အဆောက်အဦနှင့် ကျောင်းသား ကျောင်းသူများ ပျက်စီး/ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကျောင်းတွင် ဆရာဆရာမ ၁၆ ဦး၊ ကျောင်းသား ကျောင်းသူ ၁၃၉ ဦး စုစုပေါင်း ၁၇၀ ဖွင့်လှစ် ပညာ သင်ကြားပေးလျက်ရှိ ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခဲ့သူများကိုအမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်