စပိန်နိုင်ငံ လာပါးမားကျွန်းရှိ မီးတောင်ထပ်မံပေါက်ကွဲ 


 

မက်ဒရစ်   စက်တင်ဘာ  ၂၈


စပိန်နိုင်ငံ  လာပါးမားကျွန်းပေါ်ရှိ Cumbre   Vieja    မီးတောင်မှာ စက်တင်ဘာ ၂၇ ရက်   မွန်းလွဲပိုင်း အချိန်က အင်အားပြင်းထန်စွာဖြင့် ထပ်မံပေါက်ကွဲခဲ့သည်ဟု   သိရ သည်။  တစ်မနက်လုံး ငြိမ်သက် နေခဲ့ပြီးနောက်     မွန်းလွဲပိုင်းတွင် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ 
အဆိုပါ             မီးတောင်မှာ မီးတောင်သေ     မဟုတ်သည့် အတွက် ပေါက်ကွဲမှုမတိုင်မီ  ခေတ္တ ငြိမ်သက်ခြင်းသာ   ဖြစ်သည်ဟု စပိန်ဘူမိဗေဒ        သတ္တုတွင်း အင်စတီကျုက       ပြောသည်။ စက်တင်ဘာ  ၂၇  ရက်တွင်   စပိန် ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်သည် လာပါးမားကျွန်းသို့ ပထမအကြိမ်  အကူအညီများ           ပေးမည်ဟု အတည်ပြုခဲ့သည်။ 
လာပါးမားကျွန်း   ပြန်လည် ထူထောင်ရေးအတွက် ဗဟိုအစိုးရ၊ ကနေရီကျွန်းမှ        ဒေသခံအစိုးရနှင့် ဒေသခံ       အာဏာပိုင်တို့နှင့်အတူ ပူးတွဲ     ဆောင်ရွက်မည်ဟုလည်း   ၎င်းက  ဆက်ပြောသည်။
ချော်ရည်များ     ပင်လယ် အတွင်းသို့   စီးဆင်းသွားသည့်အခါ အဆိပ်ဓာတ်ငွေ့    ထွက်လာနိုင် သော    အန္တရာယ်ရှိသည့်အတွက် ဒေသခံများကိုလည်း     နေအိမ်မှ အပြင်သို့မထွက်ကြရန် အကြံပြု ထားသည်။   ဆန်တာခရုဒီလာ ပါးမားမြို့နှင့်      ဘရန်နာမြို့တို့မှ  ကျောင်းများကိုလည်း ပိတ်ထားရ သည်။                               ဆင်ဟွာ