စပိန်စူပါဖလားဗိုလ်လုပွဲ ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည်

 

ယခုနှစ် စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါ ရီ ၁၅ ရက် နံနက် ၁ နာရီခွဲတွင် စပိန်နာမည် ကြီး ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာအသင်း တို့ပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ ၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။  

ရီးရဲမက်ဒရစ်အသင်းသည် စပိန်စူပါ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အက်သလက် တီကို မက်ဒရစ်အသင်းကို အကြိတ်အနယ် ကစားပြီး ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်း လာသည်။ 


ပြိုင်ဘက် ဘာစီလိုနာအသင်းက ဆီမီး ဖိုင်နယ်တွင် အိုဆာဆူနာအသင်းနှင့် တွေ့ဆုံ ခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဗိုလ်လု ပွဲသို့ တက်လှမ်းလာခြင်း ဖြစ်သည်။ ရီးရဲ မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ သည် ယမန်နှစ်က စပိန်စူပါဖလားဗိုလ်လုပွဲ တွင် တွေ့ဆုံထားပြီး ဘာစီလိုနာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။ 


ထို့ကြောင့် ရီးရဲမက်ဒရစ်အသင်းအနေ ဖြင့် ယခုနှစ် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို ယမန်နှစ်က ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား  စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။ 


အဆိုပါဖလား       လက်ရှိချန်ပီယံမှာ ဘာစီလိုနာအသင်းဖြစ်ပြီး ဖလားဆွတ်ခူး ရရှိမှုမှာလည်း ဘာစီလိုနာအသင်းက ၁၄ ကြိမ်ဖြင့် အများဆုံး ဆွတ်ခူးထားသည်။ 


လက်တလောခြေစွမ်းအရ ရီးရဲမက်ဒရစ် အသင်းက ဘာစီလိုနာအသင်းထက် ခြေစွမ်း သာလွန်မှုရှိပြီး ပွဲစဉ်တိုင်းနီးပါးကို ဖိအား ကင်းကင်းဖြင့် ကစားထားနိုင်တယ်။ 


ထို့ကြောင့် ယခုနှစ် စပိန်စူပါဖလားဗိုလ် လုပွဲတွင် ရီးရဲမက်ဒရစ်အသင်းက ယမန်နှစ် စူပါဖလားဗိုလ်လုပွဲရှုံးကြွေးထပ်တင်သွား မလား သို့မဟုတ် ဘာစီလိုနာအသင်းကပင် ထပ်မံအနိုင်ရရှိသွားမလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။ 

မိုးဇက်