COVAX အစီအစဉ်မှတစ်ဆင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကမ္ဘောဒီးယားနိုင်ငံ ထပ်မံလက်ခံရရှိ

ဖနောင်ပင်  ဒီဇင်ဘာ  ၁၃


ကမ္ဘောဒီးယားနိုင်ငံသည် COVAX  အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သုံးသိန်းကို ဒီဇင်ဘာ ၁၃ ရက်တွင် ထပ်မံလက်ခံရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ထိပ်တန်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အဆိုပါ COVAX အစီအစဉ်မှတစ်ဆင့် ရရှိသည့် Sinovac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သယ်ဆောင်လာသည့်  လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဒေသစံတော်ချိန် နံနက်  ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံသည် အသစ်ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၄၀ ဒသမ ၈ သန်းလက်ခံရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံမှ ဝယ်ယူ သို့မဟုတ် လှူဒါန်းခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်