
ဂျီနီဗာ စက်တင်ဘာ ၁၉
ကုလသမဂ္ဂ အကြီးအကဲက ၂၀၁၅ ခုနှစ်တွင် ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်များ၏ ၁၅ ရာခိုင် နှုန်းသာ ပြည့်မီနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေ ကြောင်း သတိပေးပြောကြား လိုက်ပြီးနောက် ကမ္ဘာ့ ခေါင်းဆောင်များသည် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်များအောင်မြင်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် သဘော တူညီခဲ့ကြသည်။
နယူးယောက်မြို့ရှိ ကုလ သမဂ္ဂ အထွေထွေညီလာခံနှင့် တိုက်ဆိုင်၍ စက်တင်ဘာ ၁၈ ရက်က စတင်ကျင်းပခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ပန်းတိုင်များဆိုင်ရာ အဆင့် မြင့်ညီလာခံတွင် ခေါင်းဆောင် များက စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင် ၁၇ ခု စလုံးကို အရှိန်မြှင့်လုပ်ဆောင်ရန် ကတိကဝတ်ကို ဖော်ပြသည့် ကြေညာချက်တစ်ရပ်ကို သဘော တူခဲ့ကြသည်။ ကုလသမဂ္ဂအဖွဲ့ ဝင်အားလုံး၏ ထောက်ခံမှုဖြင့် အဆိုပါ ပန်းတိုင်ရည်မှန်းချက် များကို ၂၀၁၅ ခုနှစ်တွင် ချမှတ် ခဲ့ပြီး မည်သူ့ကိုမျှ ချန်မထား ခဲ့ရန် ကတိပြုခဲ့သည်။ ရည်မှန်း ချက်များတွင် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု လျှော့ချရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ရေးအပြင် ပညာရေး အပါ အဝင် ရည်မှန်းချက်များအားလုံး ကို ၂၀၃၀ ပြည့်နှစ်တွင် အောင်မြင် အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
ပန်းတိုင်များအားလုံး၏ ၁၅ ရာခိုင်နှုန်းသာ လမ်းကြောင်းမှန် ပေါ်ရောက်နေပြီး အများအပြား သည် ပြောင်းပြန်ဖြစ်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်က ဆွေးနွေးပွဲတွင် ပြော ကြားသည်။
အင်န်အိတ်ချ်ကေ