
လွိုင်ကော် နိုဝင်ဘာ ၇
နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်း ကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်ရန် တာဝန်ရှိသူများအား ကယားပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်က တိုက်တွန်းပြောကြား သည်။
အမှာစကားပြောကြား
ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကယားပြည်နယ် ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြား ရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဝိုင်းဝန်းကြိုးစားဆောင်ရွက်
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူက ယုံကြည် အားထားသည့် အုပ်ချုပ်ရေးယန္တရားကောင်း ဖြစ်စေရန် တာဝန်ရှိသူအားလုံး တက်ညီလက်ညီ ဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ် ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရဲဗလတံဆိပ် ချီးမြှင့်ခြင်းခံရသည့် လောဓမ္မ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ထွန်း၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူး (ငြိမ်း) ဦးအောင် မြင့်ထွန်းနှင့် စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁) ဒေါ်ချောစုမာတို့ကို ဂုဏ်ပြုတံဆိပ်များနှင့် ဂုဏ်ပြု စာလွှာများကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်တွင်) ဖွင့်လှစ်ခဲ့ သည့် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၃) တွင် သင်တန်းသူစံပြဆု၊ သေနတ်ပစ် ထူးချွန်ဆုများ ရရှိခဲ့သည့် စီမံခန့်ခွဲရေး ဝန်ထမ်း အဆင့်(၁) ဒေါ်ဟန်ငြိမ်းစုကို ဂုဏ်ပြုဆုများကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကယားပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအံ့မော်က ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ပြီး ဌာန နှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုကျေးဇူး တင်စကား ပြောကြားသည်။
ပရိတ်တရားတော် နာယူ
ထို့ပြင် (၃၄) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညို ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်