စင်ကာပူနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများအား ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်သွားသည့် စီးပွားရေးအခြေအနေ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်

စင်ကာပူ  စက်တင်ဘာ  ၂၆ 


စင်ကာပူနိုင်ငံက  ဖွံ့ဖြိုးဆဲနိုင်ငံများအား ဒစ်ဂျစ်တယ်စနစ်    ကူးပြောင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်  ထိခိုက်သွား သည့်  စီးပွားရေးအခြေအနေ  ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ ပေးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး    ဒေါက်တာ ဗီဗီယန်ဘာလာ ကာရစ်နန်က ပြောကြားသည်။ 


နယူးယောက်မြို့၌  ကျင်းပသည့် ကုလသမဂ္ဂ   အထွေထွေညီလာခံတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာကာရစ်နန်က ယမန်နေ့ တွင် မိန့်ခွန်းပြောကြားရာ၌  အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ အဆိုပါ ကူညီထောက်ပံ့ရေး  အစီအစဉ်များကို ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ 


ယင်းအစီအစဉ်များတွင် ဒစ်ဂျစ်တယ် စနစ်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စနစ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ ပါဝင်သည်။ ထို့ပြင် ကပ်ရောဂါ ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းစဉ်များနှင့် ပညာရေးကဏ္ဍတိုးတက်ရေးတို့အတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ 


အဆိုပါအစီအစဉ်များကို   ဖွံ့ဖြိုးဆဲ နိုင်ငံများဖိုရမ်(FOSS)၏   လုပ်ငန်းစဉ် အောက်တွင်   အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များ ရင်ဆိုင်ကြုံတွေ့ရသည့်  အခက်အခဲ များကို  ဖြေရှင်းရန်   စင်ကာပူနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများဖိုရမ်ကို ၁၉၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။  ကုလသမဂ္ဂအဖွဲ့ တွင် FOSS အဖွဲ့ဝင်နိုင်ငံ ၁၀၈ နိုင်ငံ ပါဝင် သည်။              

ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်